Connect with us

Environment, Disasters & Accidents

မော်လမြိုင်မြို့ရှိ အထက(၅)ကျောင်း အုတ်တံတိုင်းပြိုကျပြီး လူ ၅ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

အထက (၅) ကျောင်း အုတ်တံတိုင်းပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်းရှိ အထက(၅)ကျောင်းတွင် ယနေ့ ဇူလိုင် ၂၂ ရက် နံနက် ၉နာရီ၌ အုတ်တံတိုင်းပြိုကျပြီး လူ ၅ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အထက (၅) ကျောင်း အုတ်တံတိုင်းပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

အထက (၅) ကျောင်း အုတ်တံတိုင်းပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

“အုတ်တံတိုင်း အမှီပြုပြီးဖွင့်ထားတဲ့ ဈေးဆိုင်တွေပေါ်ပြိုကျတော့ အဲဒီဆိုင်တွေက လူတွေရယ် လက်ဖက်ရည်လာသောက်တဲ့လူတွေ ပိမိတယ်၊ မ ၃ဦး၊ ကျား ၂ဦး ပွဲချင်းပြီးသေဆုံးတယ်၊ ကျား ၁ဦးဒဏ်ရာရတယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ အမှတ် ၅ အ.ထ.က ကျောင်းအနောက်ဘက်ရှိ အုတ်တံတိုင်းသည် မိုးရွာသွန်းမှုကြောင့် မြေပျော့လာပြီး ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါအုတ်တံတိုင်းသည် မြင့်မားမှုကြောင့် ၎င်းနှင့်ကပ်လျက်ရှိသော ဆိုင်ခန်း ၇ ခန်းခန့် ပိတ်မိခဲ့ကြောင်း ရာမညလူမှုကယ်ဆယ်ရေးအသင်းမှ ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်သူ တစ်ဦးကပြောသည်။

” ပြိုကျတဲ့ အုတ်တွေကြားက ခက်ခက်ခဲခဲ ကယ်ရတယ်”ဟု ၎င်းကဆိုသည်။

ယင်း အုတ်တံတိုင်းပြိုကျမှုအား မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရာမညလူမှုကယ်ဆယ်ရေးအသင်း၊ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အဖြူရောင်တွဲလက်လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရွှေတောင်ရပ်ကွက်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.