ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြအပြောင်းအလဲပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို မေ ၂၂ ရက် တွင်ပြောသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်ပေါင်း ၅၃ ကွက်နှင့် ကမ်းလွန်လုပ်ကွက်ပေါင်း ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက်ရှိဖြင့် ရေနံရှာဖွေရေး ကိုဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဆင်ဟွာကို မေ ၂၂...
နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ) အခြေခံပညာကျောင်းများအား ဇူလိုင်လလယ်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း (ပညာ)က ယနေ့ ညနေပိုင်း ပြုလုပ်သော အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ မေ ၂၁ ရက် (ဆင်ဟွာ) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များအပေါ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြု တင်ပြချက်နှင့် ပြည်ထောင်စု လွှတ်တော်၏ သဘောထားများအရ ခေတ္တ ဆိုင်းငံ့ထားရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာအနီးဒေါလော်ခူတောင်အဆင်းတွင် မေ ၂၀ရက် ည ၆နာရီ ၃၀ မိနစ်ခန့်က ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီမော့ဆိုမြို့ နယ်ရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC ဖလား ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အစီအစဉ်အတွက် ပြန်လည် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ အမှတ်၅အေ၊ ဦးလွန်းလမ်းနှင့် အရိုးကုန်းလမ်းထောင့်ရှိ တိုက်သည် ယနေ့ (မေ ၂၁ ရက်) နံနက် ၂နာရီ ၂၀မိနစ်အချိန်တွင် ပြိုကျမှုဖြစ်ပွားရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍမှ နိုင်ငံအတွက် အမြတ်ငွေကျပ်သန်းပေါင်း ၁,၂၄၀,ဝဝဝ ခန့် ရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က မေ ၂၀ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင် မေ ၁၈ ရက် မှစတင်၍ အသက်၁နှစ်ခွဲအောက်ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများပြန်လည်ထိုးနှံပေးနေပြီဖြစ်ကြောင်း၊ ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာနများနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာ/လူအုပ်စုအသီးသီးတွင် ဇွန်လ (၁) ရက်မှစ၍ လစဉ်ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း...
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် မေ၁၉ ရက်မှ ၂၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသ နှင့်...