Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက လျှောက်ထားနိုင်

နွားမွေးမြူရေးလုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်လှိုင် က ဆိုသည်။

“အရင်က ကိုယ့်နည်း ကိုယ့်ဟန် နဲ့လျှောက်ကြတာပါ။ COVID-19 ရောဂါကလဖြစ်လို့ ကျွန်တော်တို့ ရက်တိုးပြီးဆောင်ရွက်ပေးတာဖြစ်တယ်။ စိတ်ဝင်စားတဲ့ လူတွေ က ကျွန်တော်တို့ အဖွဲ့ချုပ်မှာ လာလျှောက်ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကမြေတွေ ကိုချပေးမှာပါ’’ ဟု ၎င်းက ယနေ့ စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွား နှင့် အသားစားနွားမွေးမြူရေးလုပ်ငန်းများ အမှန်တကယ်လုပ် ကိုင်ဆောင်ရွက်နေပြီး မြေနေရာလိုအပ်ချက်ရှိသူများ အနေဖြင့် ခြံမှတ်ပုံတင်အမှတ် မူရင်း နှင့် မိတ္တူ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းမိတ္တူများ တင်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင် စည်ပင်နယ်နိမိတ်မှ ဖယ်ရှားခံရသူများအနေဖြင့် စည်ပင်အထောက်အထားဖော်ပြပေးရမည်ဖြစ်သည့်အပြင် မွေးမြူထားရှိသော နို့စားနွားအကောင်ရေ၊ လက်ရှိမြေငှားရမ်းလုပ်ကိုင်မွေးမြူနေသည့် လုပ်ငန်းလိပ်စာ နှင့် ဖုန်းနံပတ်များ ထည့်သွင်းတင်ပြရမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.