Connect with us

Sport

တိုင်းဒေသကြီး နှင့် ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် တွင် ပြောင်းလဲကျင်းပရန်လျာထား

ယူ-၁၄ အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar National League)

 

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) 

၂၀၂၀ပြည့်နှစ်အတွင်း ကျင်းပရန်စီစဉ်ထားသော တိုင်းဒေသကြီး နှင့် ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် တွင် ပြောင်းလဲကျင်းပရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက် က “အစက ဒီစက်တင်ဘာလ မှာ ကျင်းပဖို့ ကျွန်တော်တို့စီစဉ်ထားတယ်။ ဒီရက်ပိုင်းမှာ COVID-19 ရောဂါတွေပြန်ဖြစ်လာတယ်။ Stay at Home တွေ ပြန်ဖြစ်လာတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် မှာပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်လိုက်တာပါ’’ ဟု ဆိုသည်။

မူလက တိုင်းဒေသကြီး နှင့် ပြည်နယ် ယူ-၁၄ အသင်း ၂၄ သင်း ကိုဇုန် ၄ ခုခွဲ ၍ အိမ်ကွင်း အဝေးကွင်းပုံစံဖြင့် ကျင်းပရန် လျာထားကြောင်း၊ လက်ရှိတွင် COVID-19 အခြေအနေပေါ်မူတည်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် COVID-19 ရောဂါအခြေအနေကြောင့် Myanmar National League 2020 ပွဲစဉ် League-1 ကိုသာ ပရိသတ်မပါ ကွင်းပိတ်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.