Connect with us

Culture & Entertainment

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အခမ်းအနား ပရိသတ်မပါဘဲ ကျင်းပမည်

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့်ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Digital News)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) 

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်၌  ပြည်သူ့ရင်ပြင် တွင် ပရိသတ်မပါဘဲ COVID-19 ရောဂါ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဆင်ဟွာသို့ စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။ 

“မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲကို ပရိသတ် နဲ့ ကျင်းပမှာ မဟုတ်ဘူး။  အခမ်းအနားဖွင့်လှစ်တဲ့သဘောပဲ ကျင်းပမှာပါ။ ဖျော်ဖြေရေးအစီအစဉ် ကိုလည်း COVID-19 ဥပဒေ နဲ့ အညီ ကျင်းပမှာဖြစ်တယ်။ စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီးတာနဲ့ ဘဘဘိုကလေးတင့်အောင်ရဲ့ သီချင်းတွေ ဖျော်ဖြေ ပြီးတာနဲ့ အခမ်းအနားကိုပိတ်မှာပါ။ ပရိတ်သတ် ကိုဖျော်ဖြေမှာကတော့ အွန်လိုင်း က ချန်နယ်တွေနဲ့ Sky net တို့ MRTV-4 တို့ လိုချန်နယ်တွေ ကနေ ဖျော်ဖြေမှာပါ။  နှစ် ၁၀၀ ပြည့်ပွဲ က COVID-19 ရောဂါကြောင့် ကျွန်တော်တို့ အစီအစဉ် တွေ အကုန်လုံးပြောင်းလိုက်ရတာပါ။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါမြန်မာ့ရုပ်ရှင် နှစ်၁၀၀ ပြည့်ဖွင့်ပွဲအတွက် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအားလည်း ဖိတ်ကြားထားကြောင်း၊ နှစ်၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြဇာတ်တစ်ပုဒ်ကို အွန်လိုင်း နှင့် TV ချန်နယ်များမှ တစ်ဆင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ တိုင်ခဲ့ပြီဖြစ်ကာ မြန်မာ့ရုပ်ရှင်ဖြတ်သန်းမှုနှစ် ၁၀၀ အမှတ်တရအဖြစ် ပွဲတော်ကျင်းပရန်စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။  မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်၌ ရုပ်ရှင်ချစ် ပရိသတ်များအတွက် အစီအစဉ်များစွာစီစဉ်ထား သော်လည်း COVID-19 ရောဂါကြောင့် အကျဉ်းချုပ်သာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117