Connect with us

Social

၂၀၂၀ပြည့်နှစ် သြဂုတ်တွင် ထီလက်မှတ်ဈေးတင်ရောင်းချသူများကို စက်တင်ဘာတွင် အရေးယူရန် ဆောင်ရွက်လျက်ရှိ

ထီထိုးနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် သြဂုတ်လ တွင် ကျပ်၁,၀၀၀တန် ထီလက်မှတ်များကို တစ်စောင်လျှင် ၁,၃၀၀ ကျပ်အထိ ဈေးတင်ရောင်းချသူများကို ယခု ၂၀၂၀ပြည့်နှစ် စက်တင်ဘာတွင် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ဆင်ဟွာသို့ စက်တင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။

“အောင်ဘာလေ ထီက ဖွင့်လှစ်မယ့်ထီလက်မှတ် အရေအတွက် ကို ၄ လ ကြိုမှာရတယ်။ ဧပြီလ မှာ COVID-19 ရောဂါကြောင့် ထီရောင်းအားကျသွားတယ်။ ထီအုပ်ရေ ၁၈ သိန်းလောက်ဖျက်ပစ်ရတယ်။ ဧပြီလ မှာ သြဂုတ်လ အတွက် အမှာစာကြိုမှာရတယ်။ COVID-19 ရောဂါက ဘယ်လောက်ဖြစ်မယ်မသိလို့ အမှာစာ ကို ၃၇ လုံး နဲ့ မှာလိုက်ရတယ်။ သို့သော် COVID-19 ရောဂါ အနည်းငယ်အေးသွားတဲ့ အချိန် မှာ ရောင်းအားက ပြန်တက်လာတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ရောင်းလိုအားများပြီး၊ ဝယ်လိုအားက နည်းနေတယ်။အဲဒီမှာ ဈေးတင်ရောင်းလာကြတယ်။ ဒါကြောင့် အရေးယူဖို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းကရှင်းပြသည်။ 

သြဂုတ် တွင် အောင်ဘာလေထီ ကို အက္ခရာ ၃၇ လုံးဖြင့်မှာထားသော်လည်း စက်တင်ဘာတွင် အက္ခရာ အလုံး ၄၀ ဖြင့်မှာ ထားကြောင်း နှင့် ထီဆုမဲများလည်း ပိုမိုများပြားမည် ဖြစ်ကြောင်း သိရသည်။ “အောက်တိုဘာ ၁ ရက်မှာ ထွက်မယ့် အောင်ဘာလေ ထီကတော့ ထီစောင်ရေ ပိုများတဲ့ အတွက် ပေါက်မဲတွေ ပိုများမယ်။ ပြီးတော့ ထီဈေးတင်ရောင်းသူတွေ ကို အရေးယူဖို့ ဆောင်ရွက်နေတဲ့ အတွက် ပြည်သူတွေ ဈေးမှန် အတွက် ထီထိုးနိုင်ကြမှာပါ’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ပုံမှန်အောင်ဘာလေ ထီတစ်စောင်အား ၁,၀၀၀ ကျပ်ဖြင့်သာရောင်းချရမည်ဖြစ်ကြောင်း အရောင်းကိုယ်စားလှယ်များအား  ကော်မရှင် ၁၀ ရာခိုင်နှုန်းပေးထားကြောင်း၊ ထီရောင်းချရန် စပေါ်ကို ထီတစ်အုပ်လျှင် ငွေကျပ် ၂၀၀ ပေးရပြီး သုံးလစာ ငွေကျပ် ၆၀၀ အပေါင်တင်ရကြောင်း၊ စပေါ်တင်ရာတွင် ဝယ်ယူမည့် ထီစာအုပ်အရေအတွက်အတိုင်း   စပေါ်တင်ရပြီး ဈေးကွက်တွင်  ထီဈေးပိုရောင်းသူများကို ၎င်းတို့ တင်ထားရသော ၃ လစာ စပေါ်ငွေများအားသိမ်းယူခြင်း နှင့် ထီရောင်းချခွင့် ၁ နှစ်ပိတ်သိမ်း သွားမည်ဖြစ်ကြောင်းသိရသည်။  (Xinhua)