နေပြည်တော်၊ မတ် ၂၄ရက်(ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအတွက်ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA:_ International Development Association) ထံမှ ချေးငွေ ဒေါ်လာ သန်း ၁၀၀ နှင့် Global Financial Facility ထောက်ပံ့ငွေဒေါ်လာ ၁၀ သန်း ရယူရေးအား ပြည်ထောင်စုလွှတ်တော်...
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့ ၏ အရေးပေါ်ဆုံးဖြတ်ချက်အရ ရန်ကုန်တက္ကသိုလ် စာမေးပွဲများ အားလုံးကို ယနေ့ မတ် ၂၄ ရက်မှ စတင်၍ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်တက္ကသိုလ်၊ ပညာရေးအဖွဲ့ က မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ယနေ့ မတ် ၂၃ ရက်၌ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းသည် ယနေ့ မတ် ၂၃ ရက် နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်တိုက်ခိုက်ခံရပြီး တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ သင်တန်းကျောင်းအား...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ လူ၂ ဦး သေဆုံးပြီး ၂ ဦး စိုးရိမ်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) နှင့် မယ်ဆိုင် တာချီလိတ် အမှတ်(၂) မယ်ဆိုင်ချောင်းကူးတံတားတို့မှ COVID-19 ရောဂါကင်းရှင်းသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးစီသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၃ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မတ် ၂၀ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ် ယနေ့ အောင်မြင်စွာ ပြီးစီးခဲ့ပြီး ပြင်ဆင်ချက် လေးခုတို့အား ဆက်လက် ဆောင်ရွက်ရန်...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း(၃) မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်း တို့တွင် ပထဝီသတင်းအချက်အလက် အလွှာ များ(GIS Layer) အဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အပူချိန် မြင့်မားလျက်ရှိပြီး ချင်းပြည်နယ် က လွဲ၍ ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မတ်လ ၏ ဖြစ်မြဲအပူချိန် ထက် ပိုပူနိုင်ကြောင်း၊ တစ်ချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စံချိန်ချိုးသည် အထိ ပူတာမျိုး...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့မတ် ၁၉ ရက်က မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများ ၁၁ဦးအား စိစစ်လက်ခံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။