Connect with us

Culture & Entertainment

၂၀၂၀ ပြည့်နှစ် သြဂုတ်လ အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံမှုတွင် ရှေးရွှေထည်ပစ္စည်း ၃ ခု နှင့် ကြေးထည်ပစ္စည်း ၁၁၈ ခု ရှိကြောင်း သိရ

၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် လာရောက်အပ်နှံသည့် ရှေးဟောင်းပစ္စည်းအချို့အားတွေ့ရစဉ် (ဓာတ်ပုံ-သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် သြဂုတ်လ အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သို့လာရောက်အပ်နှံခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံမှုတွင် ရှေးရွှေထည်ပစ္စည်း ၃ ခု နှင့် ကြေးထည်ပစ္စည်း ၁၁၈ ခု ပါဝင်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့ သြဂုတ် ၁၃ ရက် တွင် ပြောသည်။ 

“ပြည်သူတွေက ရှေးဟောင်းပစ္စည်းတွေ့ရှိရင် လာအပ်ကြတာ အရင်ထက် ပိုများလာပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့လည်း ရှေးဟောင်းပစ္စည်းကိုလာအပ်လို့ရရှိနိုင်မယ့် အကျိုးတရားတွေ ကို တိုင်းဒေသကြီး နဲ့ ပြည်နယ်အနှံ့မှာ အသိပညာပေးမှုတွေ ဆောင်ရွက်နေတာတွေကြောင့် အခုလို ပိုအပ်သူများလာတာလို့ထင်ပါတယ်”  ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိ သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း များကို တာဝန်သိသိ လာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ မူလတန်ဖိုးအပြင် အနုစိတ် လက်ရာ တန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါ ထပ်ဆောင်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍လည်းကောင်း၊ လှူဒါန်းလာရောက် မှုများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအားလည်းကောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက် မြို့နယ်၊ ဟန်လင်းစံပြကျေးရွာနေ ဒေသခံ(၆)ဦး မှ ကျောက်ခေတ်၊ သံခေတ်၊ ပျူခေတ် မှ မြေထည်ပစ္စည်းများ၊ ကျောက်လက်နက်များ အပ်နှံခဲ့ခြင်းအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မှ ဆုကြေးငွေ ၁၁၂,၈၄၆/-(ကျပ်တစ်သိန်း တစ်သောင်း နှစ်ထောင်ရှစ်ရာလေးဆယ့် ခြောက်တိတိ)ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ဆုကြေးငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြောင်း  သိရသည်။ “ရှေးဟောင်းပစ္စည်းတွေ က နိုင်ငံသားတိုင်းတန်ဖိုးထားပြီး ထိန်းသိမ်းဖို့ ကျွန်တော် အနေနဲ့ တိုက်တွန်းပြောကြားချင်ပါတယ်။’’ ဟု ဦးကိုကိုနိုင်က တိုက်တွန်းပြောကြားသည်။  (Xinhua)