Connect with us

Politics, Law & Military

မတူကွဲပြားသည့် သဘောထားများကို တစ်ထပ်တည်းကျအောင် ဖိအားပေးမှုဖြင့် ဖြေရှင်း၍ မရနိုင်ဟုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အဖွင့် အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-Myanmar State Counsellor Office )

နေပြည်တော်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မိမိတို့ အကြားတွင် သဘောထား အမျိုးမျိုး ရှိနေကြောင်း၊ မတူကွဲပြားသည့် သဘောထားများကို တစ်ထပ် တည်း ကျအောင်၊ တစ်ခုတည်း ဖြစ်အောင် အတင်းအကျပ် ဖိအားပေးမှုများဖြင့် ဖြေရှင်း၍ မရနိုင် ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။ 

နေပြည်တော် MICC I တွင် ယနေ့ ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ပူးတွဲအကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (၉)ကြိမ်မြောက် JICM အစည်းအဝေး၌ ၎င်းက တက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်ပြီး “ဒီကနေ့မှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းတွေကနေ ကွဲပြားခြားနားမှု တွေကြားက အားလုံး သဘောတူ လက်ခံနိုင်တဲ့ အဆင့်လိုက် လမ်းစဉ် တစ်ခု၊ အသေးစိတ် အစီအစဉ်တစ်ရပ်ကို သဘောတူ ရှာဖွေနိုင်ခဲ့ကြပါပြီ၊ အဲဒါကတော့ နှစ်ဖက် အလုပ်အဖွဲ့တွေက တင်ပြလာခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ရဲ့ မူကြမ်းပဲ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ထိုသဘောတူစာချုပ်သည် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် လက်ရှိ မြန်မာ့ နိုင်ငံရေး အကျပ် အတည်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အကျပ်အတည်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မည့် လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှား ဖော်ပြနိုင်တော့မည် ဖြစ်ကြောင်း၊ ထိုစာချုပ်သည် ပြီးပြည့်စုံသော စာချုပ် မဟုတ်သေး သည်ကို အမှန်အတိုင်း ရှုမြင် လက်ခံကြဖို့ လိုအပ်ကြောင်း၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်း စဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများတွင် ခေါင်းစဉ်ကြီး ရှစ်ခုကို ဖော်ထုတ်နိုင်ကြ သော်လည်း အသေးစိတ် ဆက်သွားရမည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးညှိနှိုင်း ကြရဦး မည် ဖြစ်ကြောင်း၊ အဆင့်လိုက် သွားမည့် လုပ်ငန်းစဉ်များတွင် မည်သည့် အချိန်၌ ပြည်နယ်များတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မည်သို့ ရေးဆွဲ ကြမည်နည်း၊ ပြည်ထောင်စုနှင့် ပြည်နယ် အာဏာ ခွဲဝေမှုများကို တစ်ဆင့်ပြီး တစ်ဆင့် မည်သို့ သွားကြမည်နည်း၊ မည်သည့် အဆင့်များ၌ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကို မည်သည့် ပုံစံဖြင့် ဆောင်ရွက်ကြ မည်နည်း၊ စသည့် ကိစ္စရပ် များကို ဟန်ချက်ညီ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ပြီး အသေးစိတ် ဆွေးနွေး ညှိနှိုင်းကြရ ဦးမည် ဖြစ်ကြောင်းနှင့် မိမိတို့၏ မျိုးဆက်သစ်များ လက်ထဲသို့ ငြိမ်းချမ်းရေး အမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်း ဆောင်ကြဉ်းပေးနိုင်ရေး ဆက်လက် ကြိုးပမ်း သွားကြရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

အဆိုပါ အစည်းအဝေး အစီအစဉ် မစတင်မီ ငြိမ်းရေး ဦးဆောင်သူများ ဆုတံဆိပ် (Peace Steering Prize) ပေးအပ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ရာ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အချိန်ကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)တွင်  ငြိမ်းချမ်းရေး ဦးဆောင်သူများ အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ကြသူများအား ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် ဦးဆောင် ကြိုးပမ်း ဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေး ဦးဆောင်သူများ ဆုတံဆိပ်များကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်ခဲ့ သည်။

ပေးအပ်ချီးမြှင့်ခြင်းခံရသူများမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ၊ NRPC ဒုတိယ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ NRPC ဒုတိယ ဥက္ကဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည် ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး ရာပြည့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ မွန်ပြည်သစ်ပါတီ နာယက နိုင်ထောမွန်၊ KIA/KPC အတွင်းရေးမှူး ဒေါက်တာ နော် ကဖော်ထူး၊ DKBA ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူဆေး၊ CNF ဥက္ကဌ ဦးဇင်စိုး၊ ABSDF ဥက္ကဌ ရဲဘော် သံခဲ၊ ALP ဒုတိယ ဥက္ကဌ ခိုင်စိုးနိုင်အောင်၊ PLNO နာယက ရှားထန်ခေါကာ၊ LDU ဥက္ကဌ ဦးကြာခွန်စာ  နှင့် KNU ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.