ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) မြန်မာယူ-၂၁ ဘောလုံး အသင်းသည် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် မတ်လလယ်တွင် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦး ကဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်သိန်း ၄၂,၈၅ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) ၏ဖေဖော်ဝါရီ ၁၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရန်ကုန်မြို့၏ လေအရည်အသွေး အညွှန်းကိန်း(AQI) တန်ဖိုးမှာ ဖေဖော်ဝါရီ ၁၁ ရက်တွင် ၉၅ အထိ ရှိပြီး အဆင့် အနေဖြင့် အလယ်အလတ် အဆင့် ရှိရာ ကျန်းမာရေး ဆိုင်ရာ သက်ရောက်မှု မရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) သဘာဝဓာတ်ငွေ့ဆိုင်များတွင် မော်တော် ယာဉ်များအား သဘာဝဓာတ်ငွေ့ဖြည့်ဆည်းပေးရန် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖိအားမြင့် ကွန်ပရက်ဆာ ၁၀၉ လုံးတပ်ဆင်ထားရှိကြောင်း မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန ကတာဝန်ရှိသူ တစ်ဦး မှ ဆင်ဟွာကို ပြောသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်၏ ပကတိ အခြေအနေ၊ အနာဂတ် မျှော်မှန်းချက်တို့နှင့် ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ ပါဝင်ကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆးအတည်ပြုမှုအား လာမည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့လွှတ်တော်ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် လူနာ ၆ ဦး၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်)ရောဂါပိုး မရှိကြောင်း ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြား လာခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အတွင်းရှိ ခရီးသွားဒေသများသို့ ၂၀၁၉ ခုနှစ်အတွင်း စင်းလုံးငှား ရေယာဉ်ခရီးစဉ် ၄၀၁ ခု ဖြင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ၃,၁၇၄ ဦး ဝင်ရောက် လည်ပတ်ခဲ့ပြီး စုစုပေါင်း ဝင်ငွေ ကျပ် ၅၅၆...
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) လစ်လပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ယနေ့အစည်းအဝေးတွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။