Connect with us

Environment, Disasters & Accidents

ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းကမ်းများ လိုက်နာရေး ကတိကဝတ်ဖြင့် ခွင့်ပြုပေးရန် စီစဉ်လျက်ရှိ

ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမသို့ လွှတ်တော် ဥက္ကဌကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သတ်မှတ် စည်းကမ်း၊ လမ်းညွှန်ချက်များ ထုတ်ပြန်ပြီး ကတိကဝတ်ဖြင့် ခွင့်ပြု လိုက်နာရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲမြင့်ဆွေက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ခြင်း လုပ်ငန်းများဟာ ခွင့်ပြုဧရိယာ သေးငယ်ခြင်း၊ ခွင့်ပြု ကာလ တစ်နှစ်သာ ရှိခြင်း၊ တစ်နိုင် တစ်ပိုင် လုပ်ငန်း ဖြစ်ခြင်း၊ ဒေသခံများအတွက် ဝင်ငွေရရှိစေသည့် လုပ်ငန်းဖြစ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ နည်းခြင်း၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာ ကို ဖြစ်စေ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ကို ဖြစ်စေ ရေးဆွဲရန် အခက်အခဲ ရှိခြင်းတို့ကြောင့် စည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန်ပြီး လိုက်နာစေပါက လက်တွေ့ကျပြီး လွယ်ကူစွာ ဆောင် ရွက် နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သတ်မှတ် စည်းကမ်း၊ လမ်းညွှန်ချက်များ ထုတ်ပြန်ပြီး ကတိကဝတ်ဖြင့် ခွင့်ပြု လိုက်နာ ဆောင်ရွက် စေရန်နှင့် ဓာတ်သတ္တု အသေးစား ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် ကနဦး ပတ်ဝန်းကျင် ဆန်းစစ် ခြင်း (IEE:_ Initial Environment Examination)အစား ပတ်ဝန်းကျင် စီမံခန့်ခွဲမှု (EMP:_ Environment Management Plan) ကိုသာ ရေးဆွဲ ဆောင်ရွက်စေရန်နှင့် အမျိုးသား အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီတွင် မှတ်တမ်း တင် ထားရှိရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

သပိတ်ကျဉ်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်၏ မေးခွန်းကို ၎င်းက ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တော နယ်မြေများအတွင်း ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုရာတွင် ကြန့်ကြာမှု မရှိစေရေး အတွက် ယခင်က သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးတွင် စာချုပ် ချုပ်ဆိုစေခြင်းအစား ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးများတွင် စာချုပ် ချုပ်ဆိုစေခြင်းဖြင့် ဖြေလျှော့ ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.