ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူ(IDP)များ၏ စခန်းများပိတ်သိမ်းရေးကို အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းနိုင်ရေးကို စတင်ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၌၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁,၄၀၀ကျော်ဖြစ်ပွားပြီး ကျပ် သိန်းပေါင်း ၃,၆၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဆိုရှယ် မီဒီယာများတွင် ပေါ်ပေါက်နေသော လူမှုပတ်ဝန်းကျင်ကို မတည်မငြိမ် ဖြစ်စေသည့် အမုန်း စကား၊ သတင်းအတု သတင်းအမှားများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် Facebook Team အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တားဆီးကာကွယ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ...
ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ဇန်နဝါရီ ၂၀ ရက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အနက် ၄၀ ပေခန့်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူများ အနက် လေးဦးမှာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၂ဝပြည့်နှစ် နွေရာသီကာလအတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုမှ မဂ္ဂါဝပ် ၁၁၆၆ အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆာင်ရွက်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံသို ဇန်နဝါရီ ၂၀ ရက်က သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာအစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌တတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဇွန်လတွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် စာနာဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး တာဝန်ခံမှုနှင့် တရားမျှတမှုရှိစေရေးအတွက် လည်းကောင်း၊ အဆင့်မီ လုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားကြောင်း ICOE ၏ အပြီးသတ် အစီရင်ခံစာ နှင့် စပ်လျဉ်း၍...
နေပြည်တော်၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE:_ Independent Commission of Enquiry)က ၎င်း၏ နောက်ဆုံး အစီရင်ခံစာအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ပေးအပ်တင်ပြခြင်း အခမ်းအနားကို ယနေ ့ဇန်နဝါရီ ၂၀ရက် နံနက် ၁၀ း ၀၀ နာရီတွင် နိုင်ငံတော် သမ္မတ...
နေပြည်တော် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံတို့သည် နယ်နိမိတ်ခြင်း ထိစပ်နေသော အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပိုမို ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ...