ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာန၏ ခွင့်ပြုရရှိသော ဘဏ္ဍာ ငွေအခြေအနေနှင့် ချိန်ထိုး၍ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ် တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးလေ၀သခန့်မှန်းချက်ကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) လက်ပ်တိုစပိုင်ရိုးစစ်ရောဂါသည် လက်ပ်တိုစပိုင်ရာ (Leptospira Species) ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားစေပြီး တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါ (Zoonotic Disease) ဖြစ်ပါကြောင်း၊ ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါဖြစ်ပြီး အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည့်အတွက် သတိပြုသင့်ကြောင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ကိုင်ဆောင်ထားသူ တစ်ဦးအား အောက်တိုဘာ ၁၆ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ အကြားယဉ်ကျေးမှု ဆိုင်ရာနှင့် ခရီးသွား ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) ကို ယနေ့ နံနက်ပိုင်းတွင် သမ္မတ အိမ်တော်၌...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၃)မိုင် ခန့်အကွာတွင် အင်အား အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော်၌ တရားဝင်ချစ်ကြည်ရေးခရီး လည်ပတ်ရန် နီပေါ နိုင်ငံ သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်တွင် နီပေါလေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) မိုးတွင်းကာလ တွင် ပြေးဆွဲမှုရပ်နားထားသည့် ရန်ကုန်မှ ရခိုင်ပြည်နယ်၊ မာန်အောင်သို့ပြေးဆွဲသည့် လေကြောင်းအားအောက်တိုဘာ ၁၆ ရက် မှ စတင်ပြီး ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် ကာတာနိုင်ငံ ဒိုဟာမြို့၌ တစ်ပတ်ကျော် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် နီပေါ၊ ကာဂျစ္စတန် လူငယ်လက်ရွေးစင်ဘောလုံးအသင်း၊ ကာတာကလပ်ဘောလုံးအသင်းတို့နှင့်ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၁၂ ဘီးယာဉ်တစ်စီးသည် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် လမ်းဘယ်ဘက် ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။