Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်/အကျဉ်းစခန်း ၁၁ ခုမှ အကျဉ်းသား ၂၅၀၀ကျော် လွတ်မြောက်

ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်မှ လွတ်မြောက်လာသော အကျဉ်းသားများအားတွေ့ရစဉ်(ဆင်ဟွာ)

စစ်ကိုင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်/အကျဉ်းစခန်း ၁၁ ခုတွင် အကျဉ်းကျနေသော အကျဉ်းသူ/အကျဉ်းသား ၂၅၀၀ကျော် ယနေ့ နိုငျငံတောျ သမ်မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကလေးခရိုင်အတွင်းရှိ ကလေးထောင်မှ  ၅၆၆ ဦး၊ ရာဇဂြိုလ်(၁)မှ ၁၁၇ ဦး၊ ရာဇဂြိုလ်(၂)မှ ၁၀၂ ဦး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုထောင်မှ ၃၀၆ ဦး၊ မုံရွာခရိုင်အတွင်ရှိ မုံရွာထောင်မှ ၁၆၃ ဦး၊ ကသာခရိုင် ကသာထောင်မှ ၄၆၃ ဦး၊ ခန္တီးခရိုင်အတွင်းရှိ ခန္တီးထောင်မှ ၂၉၇ ဦး၊ တမူးခရိုင်အတွင်းရှိ အုတ်ဘိုကန်ဘောင်မှ  ၁၅၂ ဦး၊ ဗန္ဓုလမှ ၁၂၁ ဦး၊ မြို့သစ်မှ ၁၄၁နှင့် သနန်မှ  ၁၃၅ ဦး စုစုပေါင်း ၂၅၆၃ ဦး ယနေ့ လွတ်မြောက်ခွင့်ရခဲ့ကြောင်း သိရသည်။

ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်မှ လွတ်မြောက်လာသော အကျဉ်းသားများအားတွေ့ရစဉ်(ဆင်ဟွာ) 

” ထောင်ထဲမှာ အကျဉ်းသားတွေကို COVID-19 ရောဂါ ကာကွယ်ရေးလုပ်ပေးထားပါတယ်၊ အရင်လို   ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်တာမျိုးမဟုတ်ဘဲ အကျဉ်းသားတွေနေတဲ့ သက်ဆိုင်ရာဒေသတွေကို ကားနဲ့ ပို့ပေးပါတယ်” ဟု မုံရွာအကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကလေးအကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသည့် အကျဉ်းသား ၅၆၆ ဦးတွင် နိုင်ငံခြားသား ၃၁ ဦးပါဝင်ကြောင်း အဆိုပါအကျဉ်းထောင်မှ သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား /သူ ၂၄,၀၀၀ ကျော်အား ယနေ့ ဧပြီ ၁၇ ရက်၌ နိုင်ငံတော် သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117