Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ စွန့်ပစ် မြေစာပုံ ပြိုကျ ၊ သေဆုံးသူ နှစ်ဦး တွေ့ရှိထား 

ဖားကန့် ဒေသ၌ ရေမဆေးကျောက် ရှာဖွေရေး လုပ်ကိုင်နေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဧပြီ ၂၀ ရက်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ရှာဖွေတူးဖော်မှုများ ဆောင်ရွက်ခဲ့ရာတွင် သေဆုံးသူ နှစ်ဦးအား ရှာဖွေတွေ့ရှိထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ယနေ့ ဧပြီ ၂၁ ရက် သတင်း ထုတ်ပြန်မှု အရ သိရသည်။

ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာအနီး ရှိ“ပိုင်ဖြိုးသီဟ”ကုမ္ပဏီလုပ်ကွက်ဟောင်း၌ အကျယ် ၂၀၀ ပေ၊ အမြင့် ၃၀၀ ခန့် စွန့်ပစ်မြေစာပုံ ပြိုကျပြီး အဆိုပါလုပ်ကွက်ဟောင်းအတွင်း၌ ရေမဆေးကျောက် ရှာဖွေနေသူများအား မြေစာများ ဖုံးဖိသွားကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ပြီး ဘတ်ဟိုးယာဉ် ၂ စီးဖြင့် ရှာဖွေတူးဖော်ခဲ့ရာ သေဆုံးသွားခဲ့သော အသက် ၃၅ နှစ် အရွယ် နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိရသဖြင့် ဖားကန့်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့ အစည်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117