Connect with us

Sport

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့်  AFCဖလားပြိုင်ပွဲ၏ နိုင်ငံအလိုက် စာရင်းတွင် မြန်မာနိုင်ငံက  အဆင့်  (၅)  နေရာ၌ ရပ်တည်

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့်  AFCဖလားပြိုင်ပွဲ၏ အာဆီယံဇုန်မှ ပါဝင် ကစား ခွင့်ရှိသည့်    နိုင်ငံအလိုက် စာရင်းတွင် မြန်မာနိုင်ငံက  အဆင့်  (၅)  နေရာ၌ ရပ်တည်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ဧပြီ ၇ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အေအက်ဖ်စီဖလားပြိုင်ပွဲကို ဘရူနိုင်း နိုင်ငံနှင့် တီမောလက်စ်တေ နိုင်ငံတို့ မှလွဲ၍ ကျန်နိုင်ငံများမှ ကလပ်အသင်းများ  ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ  မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ်  ရန်ကုန်ယူနိုက်တက် အသင်း၊  ရှမ်း ယူနိုက်တက်အသင်း၊   ရတနာပုံ အသင်း၊ မကွေးအသင်း၊ ဧရာဝတီ ယူနိုက်တက် အသင်းနှင့် နေပြည်တော်အသင်း (ဖျက်သိမ်း) တို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲပေါင်း  ၁၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ၂၉  ပွဲနိုင်၊  ၁၅  ပွဲသရေ၊  ၅၆  ပွဲ ရှုံးနိမ့်ပြီး အဆင့်  (၅) နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။  AFC ဖလားပြိုင်ပွဲတွင် ဘရူနိုင်း နိုင်ငံနှင့်   တီမောလက်စ်တေ နိုင်ငံတို့မှ ကလပ်အသင်းများအနေဖြင့် အာရှ ဘောလုံး အဖွဲ့ချုပ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီ မှုမရှိသည့်အတွက် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် မရရှိသေးကြောင်း  သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117