Connect with us

Environment, Disasters & Accidents

ကလေး၊ ဟားခါးနှင့် ဖလမ်းမြို့တို့၌ မြေငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီး

ငလျင်လှုပ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာ၌ ရန်အောင်မြင် လာဘမုနိရွှေမုဌောစေတီတော်၏ စိန်ဖူးတော်မြေခမှု့အားတွေ့ရစဉ် (ဓာတ်ပုံ-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆငိဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းမြို့များတွင် ဧပြီ ၁၆ ရက် ညနေပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့်  အဆောက်အဦများ ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် ဖလမ်းမြို့နယ်၊ ဗါးရ်လုံကျေးရွာ၌ စာသင်ကျောင်းရှိ အဆောင် ၂ ဆောင်မှ အုတ်နံရံများ ပြိုကျခြင်း၊ ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာ၌ ရန်အောင်မြင် လာဘမုနိရွှေမုဌောစေတီတော်၏ စိန်ဖူးတော်မြေခခြင်း၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌  မြို့နယ်ထွေ/အုပ်ရုံး အဆောက်အဦ ပြတင်းပေါက်မှန်များ ကွဲအက်ခဲ့ခြင်း၊ မျက်နှာကျက် ၂ ခု ကွာကျခြင်း၊ မှန်ဘီရို ၁ လုံး၊ TV ၂ လုံး ကွဲအက်ခြင်း၊ မြို့နယ်စုပေါင်းရုံးအဆောက်အဦနံရံ ၇ နေရာ ကွဲအက်ခြင်း၊ ခရိုင်ပြန်/ ဆက်ရုံးအဆောက်အဦ မျက်နှာကျက်များ ကွာကျခြင်း၊ မှန်ဘီရို ၃ လုံး၊ စာအုပ်စင် ၂ ခု၊  ရေတိုင်ကီ ၁ ခု (၂၀၀၀ လီတာဆံ့) လဲကျခြင်း၊ ခရိုင်မီးသတ်အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များရှိ နံရံများ ကွဲအက်ခြင်းနှင့်  ဈေးဆိုင်ခန်း ၁ ခု ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာ၌ ရန်အောင်မြင် လာဘမုနိရွှေမုဌောစေတီတော်၏ စိန်ဖူးတော်မြေခမှု့အားတွေ့ရစဉ် (ဓာတ်ပုံ-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)

ချင်းပြည်နယ် ဖလမ်းမြို့အနီးတွင် ဧပြီ ၁၆ ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် အင်အား ရစ်ခ်တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု နှင့် ည ၇ နာရီ ၁၇ မိနစ်၊ ၁၇ စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)