ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ် Ms. Ursula Mueller တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ယာဉ် ၆ စီး ဆင့်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နက ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး တကောင်းမြို့ ၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် မေ-ဇွန်-ဇူလိုင်လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်း အထိရှိနိုင်ပြီး၊ ဇူလိုင်-ဩဂုတ်-စက်တင်ဘာလတို့တွင် ၆၂ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ကျလာနိုင်ကြောင်းကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မေ ၁၃ ရက် ညနေ ၄ နာရီခွဲက ရွှေဘိုအကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟန်းဆက်သွင်းယူသူ များအား ထောင်ဒဏ်ခြောက်လစီ ကျခံစေရန် ရွှေဘိုမြို့နယ်တရားသူကြီး ဦးထွန်းဦးက အမိန့်ချမှတ် ခဲ့ကြောင်း ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ က သိရသည်။
နေပြည်တော်၊ မေ ၁၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု တိုးတက် ကောင်းမွန်စေရေး စီမံကိန်း အတွက် ထိုင်းနိုင်ငံ NEDA(Neighbouring Countries Economic Development Cooperation Agency) ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးယူရေးအား ပြည်ထောင်စု...
နေပြည်တော်၊ မေ ၁၄ ရက်(ဆင်ဟွာ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ် စလုံးမှ ဥပဒေကြမ်း ကော်မတီဝင်များ အားလုံး ပါဝင်ဖွဲ့စည်းထားသော ဥပဒေကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်း ကော်မတီက တစ်ပေါင်းတည်း လေ့လာ စိစစ် ဆောင်ရွက်သွားရန်...
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် လူ ၄ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျပ် သိန်း၆၀၀၀တန်ဖိုးရှိ ကတ်တမင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။