Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

အိမ်ထောင်စုစာရင်းကောက်ယူမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးခြင်းအား မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ သတ်မှတ်ချက်ပါ အချက်များအား ဥပဒေနှင့်အညီ ဖြေလျှော့ပြီး အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား အိမ်ထောင်စုသန်းခေါင်စာရင်းများ ပထမအနေဖြင့် ဆောင်ရွက်ပေးပြီး ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံသားဖြစ်ခြင်းသည် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်လုံခြုံရေးအတွက်လည်း အရေးကြီးသဖြင့် နိုင်ငံသားအရည်အချင်းပြည့်မီခြင်း မရှိသူတစ်ဦးအား နိုင်ငံသားအဖြစ်ခွင့်ပြုခဲ့ပါက နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ထိခိုက်နိုင်ပါတယ်။ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများအတွက် မိဘများ၏ အထောက်အထား အချက်အလက်များ မပြည့်စုံသော်လည်း မြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့(၅)ဦးကော်မတီ၏ ထောက်ခံချက်ဖြင့် စိစစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရွှေ့ပြောင်းနေထိုင်သူများအနက် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား တရားဝင် အိမ်ထောင်စုလူဦးရေ စာရင်း၊ ယာယီအိမ်ထောင်စုလူဦးရေ စာရင်းအား စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးခြင်းအား မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။”ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သ့ူအင်အားဝန်ကြီးဌာန သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူတိ့ု လိုအပ်ချက်ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးခြင်း လုပ်ငန်းအား ယခုအစိုးရတာဝန်ယူသည့် အချိန်မှစတင်၍ သစ္စာ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် သာမန်ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည် အလုပ်သမားများအား ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်လျက်ရှိသည့် လူဦးရေဆိုင်ရာ အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အား ဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း၊ ယာယီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းစီမံချက်အား ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.