Connect with us

Sport

ဆီးဂိမ်း(SEA Games) ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် ဘောလုံးကစားသမားများ ရွေးချယ် ရန်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား သုံးသင်းခွဲ၍ ဖွဲ့စည်း

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်ကစားနေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်း(SEA Games) ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် ဘောလုံးကစားသမားများ ရွေးချယ် ရန်အတွက် သုံးပွင့်ဆိုင်လူရွေးပွဲ ကျင်းပရန် ပဏာမကစား သမားများအား သုံးသင်းခွဲ၍ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ပဏာမကစား သမား ၃၆ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ဂိုးသမား ဇာဇာမြင့်မှာ ထိခိုက်ဒဏ်ရာကြောင့် ရောက်လာခြင်းမရှိသဖြင့် ကျန်ရှိသည့် ၃၅ ဦးကို ၁၁ ဦး သုံးသင်းဖွဲ့၍ ကျန်နှစ်ဦး ကိုမူ သုံးသင်းစလုံးတွင် အရန်ကစားသမားအဖြစ် အသုံးပြုမည်ဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် သုံးပွင့်ဆိုင်ခြေစမ်းပွဲကစားမည့် အသင်းများကို (က၊ ခ၊ ဂ) ဟူ၍ သုံးသင်း ခွဲ၍ ဖွဲ့စည်းထားပြီး (က) အသင်းနှင့် (ခ) အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားအများစု ပါဝင် လာသည်။ လူရွေးပွဲများကို တစ်ရက်ခြား တစ်ပွဲ ကျင်းပမည်ဖြစ်ပြီး သုံးပွဲစလုံးကို နံနက် ၇ နာရီခွဲတွင် ဗဟန်းမြက်ခင်းတု ကွင်း၌ ကျင်းပမည်ဖြစ်သည်။ လူရွေးပွဲအဖြစ် စက်တင်ဘာ ၁၉ ရက် (ယနေ့) တွင် (က) အသင်းနှင့် (ခ) အသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် (က) အသင်းနှင့် (ဂ) အသင်း၊ စက်တင်ဘာ ၂၃ ရက်တွင် (ခ) အသင်းနှင့် (ဂ) အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစားသမား ၂၆ ဦး ပြန်လည် ရွေးချယ်ကာ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။

သုံးပွင့်ဆိုင် လူရွေးပွဲကစားမည့် (က) အသင်းတွင် ဂိုး-ဇူးလတ်နဒီ၊ နောက်တန်း-နန့်ဇူးဇူးထက်၊ ခင်သန်းဝေ၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ အလယ် တန်း-သင်းသင်းယု၊ ဝင်းဝင်း၊ မေသူကျော်၊

လဲ့လဲ့လှိုင်၊ ဆွေမာအောင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ (ခ) အသင်းတွင် ဂိုး-မေဇင်နွယ်၊ နောက်တန်း-အေးအေးမိုး၊ ခင်မျိုးဝင်း၊ ဝေဝေအောင်၊ မေသက်မွန်မြင့်၊ အလယ်တန်း- ပုံ့ပုံ့ပြည့်မောင်၊ ငယ်ငယ်ထွေး၊ မြတ်နိုးခင်၊ နွယ်နီဝင်း၊ ခင်မိုးဝေ၊ ရှေ့တန်း-စန်းသော်သော်၊ (ဂ) အသင်းတွင် ဂိုး-သန္တဦး၊ နောက်တန်း-အိရတနာဖြိုး၊ ဇွန်ယုယဦး၊ ချစ်ချစ်၊ ခင်သဇင်၊ အလယ်တန်း-ခိုင်သဇင်ဦး၊ မိုးမိုးသန်း၊ မေဖူးကို၊ ရီရီဦး၊ နုနု၊ ရှေ့တန်း-ဝင်းသိင်္ဂီထွန်းတို့ ပါဝင်ကြသည်။ ယင်းကစားသမားများတွင် ပုံမှန်ပါဝင်နေသည့် စီနီယာကစားသမားများအပြင် ယူ-၁၉ အသင်းမှ ကစားသမားအများစုလည်း ပါဝင်လာကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)