ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ်များ အတွင်း တရားမဝင်သစ် တန် ၈၀၀ ကျော်အား ဧပြီ ၁၃ ရက်မှ ၁၇ ရက် အထိ သြင်္ကန်ကာလတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အစည်းအဝေးများကို ဒုတိယအကြိမ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးများ ပြန်မစတင်မီ ရက်သတ္တ တစ်ပတ် စောပြီး...
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဧပြီ ၁၇ ရက် ညပိုင်းတွင် ကျပ် ၁၁၅၆ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ဘဂါၤလီ အကြမ်းဖက်သမားများ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်က ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ဧပြီလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက် ညနေ (၅)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ဆောင်အချို့ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) နေပြည်တော် ၊ ဇေယျာသီရိ မြို့နယ်၌ ဧပြီ ၁၆ ရက်တွင် သြင်္ကန် လည်သော ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦးမှာ သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး...
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ဧပြီ ၁၇ရက် ည ၉နာရီခွဲ၌ မန္တလေး- မြစ်ကြီးနားသွားလမ်း၊ နဘား လမ်းခွဲတွင် ကျပ်သိန်း ၉,၀၀၀ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၉/၁ အနီးတွင် ယနေ့ ဧပြီ ၁၇ ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်တွင် ကားမီးလောင်မှုဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သြင်္ကန်လေးရက်တာအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၄ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။