Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၂၂ ခုတို့တွင် မိုးရွာသွန်းမှုအားကောင်း၍ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ

ဖြူးချောင်းရေလှောင်တမံ၊ ရေပိုလွှဲ နှင့် ရေယူအဆောက်အဦးအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံများအနက် တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၂၂ ခုတို့တွင် မိုးရွာသွန်းမှုအားကောင်း၍ သတ်မှတ်ကန်ရေပြည့်မှတ်ထက် ကျော်လွန်ကာ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

သြဂုတ်လ ၁၄ ရက်တွင် သတ်မှတ်ကန်ရေပြည့်မှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော် ကျလျက်ရှိသည့် ရေလှောင်တမံ ၂၂ ခု ရှိသည်။ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသော ရေလှောင်တမံများမှာ လှိုင်းဘွဲမြို့နယ်ရှိ ရေဘုတ်ရေလှောင်တမံတွင် ၁ ဒသမ ၆၀ ပေ ၊ ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံတွင် ၀ ဒသမ ၅၀ ပေ၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ်ရေလှောင်တမံတွင် ၂ ဒသမ ၂၀ ပေ၊ အုတ်တွင်းမြို့နယ်ရှိ ရေသိုးရေလှောင် တမံတွင် ၀ ဒသမ ၇၀ ပေနှင့် မင်းရဲရေလှောင်တမံတွင် ၀ ဒသမ ၄၀ ပေ၊ ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံတွင် ၀ ဒသမ ၄၀ ပေနှင့် ဖြူးချောင်းရေလှောင်တမံတွင် ၁ ဒသမ ၆၅ ပေ၊ ပဲခူးမြို့နယ်ရှိ ရွှေပြည်(၃) ရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေ၊ ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေ၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံတွင် ၆ ဒသမ ၄၀ ပေ၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင် တမံတွင် ၁ ဒသမ ၅၀ ပေ၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝရေလှောင်တမံတွင် ၆ ဒသမ ၃၀ ပေ ၊ သထုံမြို့နယ်ရှိ ဝါးပါးရေလှောင်တမံတွင် ၀ ဒသမ ၂၅ ပေ၊ မော်လမြိုင် မြို့နယ်ရှိ ရွှေနတ်တောင်ရေလှောင်တမံတွင် ၁ ဒသမ ၁၅ ပေ၊ မုဒုံမြို့နယ်ရှိ အဇင်းရေလှောင်တမံတွင် ၀ ဒသမ ၂၀ ပေ၊ ကျောက်တော်မြို့နယ်ရှိ ပြိုင်းချောင်း ရေလှောင်တမံတွင် ၂ ဒသမ ၁၀ ပေနှင့် ရှောက်ချောင်းရေလှောင်တမံတွင် ၁ ဒသမ ၀၀ ပေ၊ မင်းပြားမြို့နယ်ရှိ ဂရင်ဂျိုင်ရေလှောင်တမံတွင် ၀ ဒသမ ၂၀ ပေနှင့် ကြက်တက်ရေလှောင်တမံတွင် ၀ ဒသမ ၁၀ ပေ ၊ မြေပုံမြို့နယ်ရှိ တမန်းဒူးရေလှောင်တမံ တွင် ၀ ဒသမ ၃၀ ပေ၊ အင်္ဂပူမြို့နယ်ရှိ နန်ကသူရေလှောင်တမံတွင် ၁ ဒသမ ၄၀ ပေနှင့် ကညင်ရေလှောင်တမံတွင် ၂ ဒသမ ၂၀ ပေ ရေများ ကျော်ကျလျက် ရှိကြောင်း မြန်မာ့အလင်းသတင်းတွင်ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.