Connect with us

Social

Miss Myanmar International 2019 သရဖူအား အလှမယ် ခင်ဥမ္မာမြင့် ရရှိ

Miss Myanmar International 2019 သရဖူ ဆုရှင် အလှမယ် ခင်ဥမ္မာမြင့် ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

Miss Myanmar International 2019 Grand Final ပြိုင်ပွဲအား ယနေ့သြဂုတ် ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ အလှမယ် သရဖူ Winner ဆုအား ခါးနံပါတ် (၅)အလှမယ် ခင်ဥမ္မာမြင့်က ရရှိသွားခဲ့သည်။

ပြိုင်ပွဲတွင် 1st Runner Up ဆုကို ခါးနံပါတ် ( ၁၅) မျိုးသီရိကို နှင့် 2nd Runner Up ဆုကို ခါးနံပါတ်(၂၀) ယမုံ တို့က ရရှိခဲ့ပြီးအခြားTitle ဆုများ ဖြစ်သည့် Miss Congeniality ဆုအား ခါးနံပါတ် (၅) ခင်ဥမ္မာမြင့် က လည်းကောင်း ၊ Miss Photogenic ဆုအား ခါးနံပါတ် (၇) အိမ့်မှူးကေသွယ် ကလည်းကောင်း ၊ Miss Popular ဆုအား ခါးနံပါတ် ( ၂၀)ယမုံ တို့က အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Miss Myanmar International 2019 Grand Final ပြိုင်ပွဲ ကျင်းပ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက Miss Myanmar International ပြိုင်ပွဲက မြန်မာနိုင်ငံအား ကိုယ်စားပြုသည့် အမျိုးသမီး လူရည်ချွန်များကို မွေးထုတ်ပေးသည့် ပွဲ ဖြစ်သကဲ့သို့ မြန်မာ့ခရီးသွား လုပ်ငန်းကိုလည်း တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးသည့် အတွက်ကြောင့် ယခုကဲ့သို့ စဉ်ဆက်မပြတ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Miss Myanmar International 2019 Grand Final ပြိုင်ပွဲ ကျင်းပ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

Miss Myanmar International 2019 Grand Final ပြိုင်ပွဲတွင် အလှမယ် ၂၀ ဦးက ရေကူးဝတ်စုံများ ၊ ညနေခင်း ဝတ်စုံများဖြင့် အလှမယ်များက အဆင့်ဆင့် ယှဉ်ပြိုင်မှုများ ပြုလုပ်ခဲ့ကြသည်။Miss Myanmar International 2019 သရဖူ Winner ဆု ရရှိသူ အလှမယ် အား ငွေကျပ် သိန်း ၁၀၀ ၊ 1st Runner Up ဆု ရရှိခဲ့သူ အလှမယ် အား ငွေကျပ် သိန်း ၆၀ နှင့် 2nd Runner Up ဆု ရရှိသူ အလှမယ် အား ငွေကျပ် သိန်း ၄၀ တို့အပါအဝင် ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

Miss Myanmar International 2019 Grand Final ပြိုင်ပွဲ ကျင်းပ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

Miss Myanmar International 2019 Grand Final ပြိုင်ပွဲ ကျင်းပ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ပြိုင်ပွဲတွင် Miss International 2018 ပြိုင်ပွဲ၏ သရဖူ ဆုရှင် Mariem Velazco က အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။Miss Myanmar International 2019 သရဖူ Winner ဆု ရရှိသူ အလှမယ် သည် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အဖြစ် ဂျပန် နိုင်ငံတွင် ကျင်းပ မည့် Miss International 2019 ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။ယခု ကျင်းပသော Miss Myanmar International 2019 ပြိုင်ပွဲသည် မြန်မာနိုင်ငံ၌ ရှစ်ကြိမ်မြောက် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.