Connect with us

Politics, Law & Military

ခြေ-ဥ ပြင်ဆင်ရေးဥပဒေကြမ်းကို ပူးပေါင်းကော်မတီလုပ်ငန်းတွင် ထည့်သွင်းရန် တင်ပြ

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး အပါအဝင် မိတ္ထီလာ အမတ် ဒေါက်တာ မောင်သင်း တင်သွင်းလာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဆက်လက် ဆောင်ရွက်မည့် ဥပဒေ မူကြမ်း ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်း စီစဉ် ဆောင်ရွက်သင့် ကြောင်း ပူးပေါင်းကော်မတီက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

အစီရင်ခံစာ တင်သွင်းခဲ့သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက “ကိုယ်စားလှယ် နှစ်ဦးကလွဲပြီး ကျန် ပူးပေါင်းကော်မတီဝင်များ အားလုံး က ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကျောင်းကုန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းခဲ့တဲ့ အခြေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်က အဆုံးအဖြတ်ပြုခဲ့သည့် လုပ်ငန်းစဉ်များအတိုင်းသာ ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြခဲ့ ကြပါတယ်၊ လွှတ်တော်က ဆုံးဖြတ် အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး အစီရင်ခံစာ တင်သွင်းစဉ်။

ပြည်ခိုင်ဖြိုး အမတ် ဒေါက်တာ မောင်သင်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၄၀ဦး၊ တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် ၁၀၅ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုး၍ မတ်လ ၁၅ရက်က လွှတ်တော်သို့ ပေးပို့ခဲ့သည့် အဆိုပါ ၂၀၀၈ အခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ၂၆၄၊ ၃၂၂ နှင့် ၄၀၂ တို့တွင် ဖော်ပြထားသည့် သမ္မတလုပ်ပိုင်ခွင့်နှင့်သက်ဆိုင်သည့် အချက်နှစ်ချက်၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် သက်ဆိုင်သည့် အချက်တစ်ချက်နှင့် ရွေးကောက်ပွဲကော်မရှင်နှင့် သက် ဆိုင် သည့် အချက် စသည့် ပုဒ်မ (၄)ခုကို ပြင်ဆင်ချက်တင်သွင်းထားခြင်းဖြစ်ကြောင်းမိတ္ထီလာ အမတ် ဒေါက်တာ မောင်သင်းက မီဒီယာသို့ ပြောခဲ့သည်။

ထိုဥပဒေကြမ်းကို မေလ ၁၉ ရက်နေ့ပြည်ထေင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ် တော် သို့ အသိပေး တင်ပြ ခဲ့ ပြီး လွှတ်တော်၌ မဆွေးနွေးမီ အသေးစိတ် လေ့လာစိစစ်နိင်ရန် ပြည် သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် အားလုံး ပါဝင်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာ စိစစ်ရေးကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်းလည်း လွှတ်တော် နာယကက လွှတ်တော်သို့ ပြောခဲ့သည်။ ထိုသို့ နာယက၏ တာဝန်ပေးချက်အရ ဥပဒေကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီက ၎င်း၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ယနေ့ အစည်း အဝေးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ထိုအစီရင်ခံစာအပေါ်ဆွေးနွေးလိုသူ လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့် သြဂုတ်လ ၁၉ ရက် ညနေ ၄ း ၀၀ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော် ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးကြဖို့လွှတ်တော် နာယကက မှာကြားခဲ့သည်။

ပြည်ခိုင်ဖြိုး အမတ် ဦးဆောင်သည့် တပ်မတော်သားအမတ် အားလုံးပါဝင်သော အခြေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမှုသည် ယခုအကြိမ်မှာ ဒုတိယ အကြိမ် ဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အလားတူ ပြည်ခိုင်ဖြိုး အမတ် ဦးဆောင်သည့် တပ်မတော်သားအမတ် အားလုံး ပါဝင်သော အခြေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမှု တစ်ရပ် ရှိခဲ့သည်။ ထိုစဉ်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်သည့် လုပ်ငန်းစဉ် နှစ်ရပ် အပြိုင် တင်သွင်းလာခြင်းအပေါ် သီးခြား ဆောင် ရွက်ရန် လုပ်ငန်းစဉ် ဖော်ပြထားခြင်း မရှိသည့်အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော် မတီက ဆက်လက် ဆောင်ရွက်မည့် ဥပဒေ မူကြမ်း ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်း စီစဉ် ဆောင်ရွက်ရန် လွှ်တော်က ဆုံးဖြတ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.