ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း၌ ဇွန် ၈ ရက် ညနေပိုင်းတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကား လမ်းမိုင်တိုင်(၃၃/၁-၂)ကြား၌ ယာဉ်ဘရိတ်ပေါက်၍တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေး ကို ဇွန်လ ၁၁ ရက်၊ နံနက် ၁၀နာရီ တွင် ကျင်းပရန်ခေါ်ယူကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် က ယနေ့နေ့စွဲဖြင့် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဇွန်လ ဒုတိယ(၁၀)ရက်ပတ် တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် ဖြေဆိုသူပေါင်း ၈၅၁,၅၂၄ ယောက် ရှိပြီး အောင်မြင်သူပေါင်း ၂၆၇,၆၉၆ ယောက်ရှိကာ၊ ရာခိုင်နှုန်းအားဖြင့် ၃၁.၄၄ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခြင်း ခံရသော ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်၊ မြို့နယ်(၇)မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၆,၀၃၉ ဧက စိုက်ပျိုးရန် လျာထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းဌာန ၏ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အမျိုးသမီးဘောလုံးညီလာခံ (FIFA Women Football Convention) ကို ယနေ့နံနက်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် (MFF) အမျိုးသမီးလိဂ် ကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံ...
ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူ များသည် ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ လျှောက်ထားကြရန် ကော်မရှင်မှ အသိပေးကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ၁၃ နှစ်ကြာ ခရီးသည် တင်လေယာဉ် ဆင်းသက်ခြင်းမရှိသည့် မကွေးလေဆိပ် ၌ ၂၀၁၉ ဇွန် ၂၅ ရက်မှစ၍ ရန်ကုန်-မကွေး- စစ်တွေ (သို့) အမ်းခရီးစဉ်ဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့များတွင် ခရီးစဉ်များ ပြန်လည် ပြေးဆွဲတော့မည်ဖြစ်...