Connect with us

Politics, Law & Military

အရန်ဓာတ်အား ပမာဏ ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ထားရှိရန် စီစဉ်နေ

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ် သုံးစွဲမှု ပမာဏထက် နောက်ထပ်အပို ၁၀ရ ာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ ထပ်မံ ထုတ်လုပ် နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ထို့အပြင် ဒုတိယ ဝန်ကြီးက “အရန်ဓာတ်အား(reserve power) လို့ဆိုရာမှာ spinning reserve နဲ့ cold reserve နှစ်မျိုးစလုံး လုံလောက်အောင် စီစဉ်ထားနိုင်ဖို့ လိုပါတယ်၊ နှစ်စဉ် တိုးတက်လာမယ့်

လျှပ်စစ်လိုအပ်ချက်ကို ခန့်မှန်း တွက်ချက်တာ၊ အချိန်မီအောင် နှစ်ပေါင်းများစွာကတည်းက စီမံကိန်း တွေ တည်ဆောက်နိုင်အောင် ကြိုတင် စီမံရတာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၏ အရန်ဓာတ်အား ထားရှိရေးဆိုင်ရာ အမေးကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်ပြီး

လက်ရှိ ဆောင်ရွက်ထားရှိပြီး ဖြစ်သော အစီအမံများအရ LNG သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းများ၊ လျှပ်စစ်စီမံကိန်း အသစ်များမှ

နှစ်အလိုက် ဓာတ်အား တိုးမြှင့် ထုတ်လုပ်နိုင်မှုမှာ ၂၀၁၉ – ၂၀ တွင် ၁၁၇၄ မဂ္ဂါဝပ်၊ ၂၀၂၀ – ၂၁ တွင် ၁၆၁၀ မဂ္ဂါဝပ်၊ ၂၀၂၁ – ၂၂ တွင် ၂၀၄၆ မဂ္ဂါဝပ်၊ ၂၀၂၂ – ၂၃ တွင် ၂၉၇၃ မဂ္ဂါဝပ် နှင့် ၂၀၂၃ – ၂၄

မှ စတင် ကာ မဂ္ဂါဝပ် ၄၄၀၀ မှ ၆၀၀၀ ကျော်အထိ ထပ်တိုး ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင် ဖြေကြားနေစဉ်။(ဆင်ဟွာ)

“Supply side မှ လက်ရှိ ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာ ၃၆၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး Demand side မှ ဓာတ်အား တိုးတက် သုံးစွဲမှုမှာ နှစ်စဉ် ၁၃ ရာခိုင်နှုန်း ရှိတဲ့ အတွက် ဝန်ကြီးဌာနအနေနဲ့ အခုလို စီမံ

ထားရှိတာ ဖြစ်ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ကြိုတင် ဆောင်ရွက်ထားသော စီမံကိန်းများအရ ၂၀၁၉ – ၂၀ တွင် ၄၇၇၄ မဂ္ဂါဝပ်၊ ၂၀၂၁ တွင် ၅၂၁၀ မဂ္ဂါဝပ်၊ ၂၀၂၁ – ၂၂ တွင် ၅၆၄၆မဂ္ဂါဝပ် စသည်ဖြင့် နှစ်အလိုက် ဓာတ်အား တိုးမြှင့်

ထုတ်လုပ်နိုင်မည် ဖြစ်၍ ၂၀၁၉ – ၂၀ မှ ၂၀၂၅ – ၂၆ ခုနှစ်အတွင်း အရန် ဓာတ်အား ပမာဏသည် ဓာတ်အား ထုတ်လုပ် နိုင်မှု၏ ၁၄ ရာခိုင်နှုန်းခန့်အထိ ရရှိလာနိုင်မည် ဖြစ်ကြောင်း၊

စီမံကိန်းများအတွက် လိုအပ်မည့် ဘဏ္ဍာရန်ပုံငွေများ အပြည့်အ၀ ရရှိ သုံးစွဲနိုင်မှုအပေါ် မူတည်ကာ ယခုထက် ပိုသော အရန်ဓာတ်အား ပမာဏ ထားရှိနိုင်ရေးအတွက် တိုးမြှင့် ထုတ်လုပ်သွားမည်

ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ သည်။

လက်ရှိ၌ ရေတိုစီမံချက်များအဖြစ် IPP/ BOO စနစ်ဖြင့် Gas Engine Power Plant/ Power Barge/ Power Ship များဖြင့် ထုတ်လုပ်နိုင်မည့် ကျွန်းချောင်း ၂၀ မဂ္ဂါဝပ်၊ အလုံ ၁၂၀ မဂ္ဂါဝပ်၊ ကျောက်ဖြူ

၁၅၀ မဂ္ဂါဝပ်၊ သန်လျင် ၃၅၀ မဂ္ဂါဝပ်၊ ပုသိမ် သို့မဟုတ် သာကေတတွင် ၄၀၀ မဂ္ဂါဝပ်၊ စုစုပေါင်း စက်တပ်ဆင်အား ၁၀၄၀ မဂ္ဂါဝပ် စီမံကိန်း ငါးခုတို့ကို ICB(International Competitive Bidding)

စနစ်ဖြင့် ၂၀၁၉ ဇွန်လ ၂၈ ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၉ ဇူလိုင် ၂၉ ရက်နေ့တွင် တင်ဒါ ပိတ်သိမ်းကာ ကုမ္ပဏီ အဆိုပြုလွှာများကို စနစ်တကျ စိစစ် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.