Connect with us

Politics, Law & Military

လျပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက် ရသုံးငွေရှင်းလင်း

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ထွန်းနိုင် ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၀ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လ (ပြီးခဲ့သည့် အောက်တိုဘာလ မှ မတ်လ အထိ) အရ အသုံး ခန့်မှန်းခြေစာရင်းအရ ကျပ် ၁၃၇ ဒသမ ၉၁၅ ဘီလီယံ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း ဖြေကြားခဲ့သည်။

“သာမန်ရငွေ ကျပ် ၂၈၈၉ ဒသမ ၁၇၀ ဘီလီယံ၊ ငွေလုံးငွေရင်း ရငွေ ကျပ် ၀ ဒသမ ၈၂၂ ဘီလီယံ၊ ကြွေးမြီရငွေ ကျပ် ၈၅ ဒသမ ၇၅၆ ဘီလီယံ ရငွေ စုစုပေါင်းက ကျပ် ၂၉၇၅ ဒသမ ၇၄၈ ဘီလီယံ ရှိပါတယ်၊ သာမန် သုံးငွေက ကျပ် ၂၄၅၀ ဒသမ ၉၈၅ ဘီလီယံ၊ ငွေလုံးငွေရင်း သုံးငွေ ကျပ် ၂၅၇ ဒသမ ၃၄၀ ဘီလီယံ၊ ကြွေးမြီ သုံးငွေ ကျပ် ၁၂၈ ဒသမ ၅၀၈ ဘီလီယံ … စုစုပေါင်း သုံးငွေ ကျပ် ၂၈၃၇ ဒသမ ၈၃၃ ဘီလီယံ ဖြစ်တဲ့အတွက် ကျပ် ၁၃၇ ဒသမ ၉၁၅ ဘီလီယံ ပိုငွေ ရရှိခဲ့ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ ခြောက်လအတွင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့များ၏ ထုတ်လုပ်ယူနစ်၊ သုံးစွဲယူနစ်နှင့် ပျောက်ဆုံး ယူနစ်များနှင့် ပတ်သက်ပြီး ၎င်းက “လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက၄၀၉၉ ဒသမ ၆၃၆ ယူနစ် ထုတ်လုပ်ခဲ့ပြီး ၃၄၆၉ ဒသမ ၇၇၇ ယူနစ် သုံးစွဲခဲ့လို့ ၆၃၃ ဒသမ ၈၅၉ ယူနစ် ပျောက်ဆုံးခဲ့ပါတယ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ၄၆၇၈ ဒသမ ၂၂၁ ယူနစ် ထုတ်လုပ်ခဲ့ပြီး ၄၂၇၅ ဒသမ ၃၅၃ ယူနစ် သုံးစွဲခဲ့လို့ ၄၀၂ ဒသမ ၈၆၈ ယူနစ် ပျောက်ဆုံးခဲ့ပါတယ်၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ၁၇၆၈ ဒသမ ၀၆၈ ယူနစ် ထုတ်လုပ်ခြဲ့ပီး ၁၆၈၇ ဒသမ ၀၄၄ ယူနစ် သုံးစွဲခဲ့လို့ ၈၀ ဒသမ ၉၂၄ ယူနစ် ပျောက်ဆုံ့းခဲ့ပါတယ်” ဟု ပြောကြားခဲ့ သည်။

ဓာတ်အား ပျောက်ဆု့းမှုများ ကျဆင်းရေးအတွက် စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေး ဆောင်ရွက် လျက်ရှိရာ ပထမ ခြောက်လအတါင်း လျော်ကြေး၊ နစ်နာကြေး တောင်းခံရရှိမှုများ ရှိခဲ့ပြီး ပျောက်ဆုံး ယူနစ် သန်းပေါင်း ၅ ဒသမ ၇၇၃ အတွက် အမှုပေါင်း ၅၁၅ မှုတို့မှ ကျပ် ၉၆၄ ဒသမ ၆၅၄ သန်း ရရှိခဲ့ပါကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.