Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၄၂၀ တန်းဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားသက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၄၂၀ တန်းဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၉ ရက်နေ့ ၂၁း၅၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၅)ကလေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့နယ်၊ ကံလှကျေးရွာ အထွက်၊ တမူး-ကလေး သွားကားလမ်းတွင် ကလေးမြို့ဘက်မှ တမူးမြို့ဘက်သို့ တမူးမြို့၊ စော်ဘွား(၄)ရပ်ကွက်နေ စထေးဗင်း ၂၈ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် လန်ပက်ထွန်း(ခ)လားပက်လော စီးနင်းမောင်း နှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် လန်ပက်ထွန်း(ခ)လားပက်လော မှာ ထွက်ပြေး သွားပြီး စထေးဗင်း စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော လက်ဆွဲအိတ် အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၂၁၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၂၁၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးအားလည်းကောင်း၊ လန်ပက်ထွန်း(ခ)လားပက်လော စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၂၁၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၁၀ သိန်း)အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စထေးဗင်း အားစစ်ဆေးရာ ၎င်းတို့နှစ်ဦးအတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117