ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မေ ၂၁ ရက်က ကျပ် ၇၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့မေ ၂၂ ရက်တွင် သွားရောက် စစ်ဆေးခဲ့ရာတွင် လေဆိပ် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး အချက်များကို မှာကြား ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ရန်ကုန်၊ မေ ၂၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandiတို့သည် မေ ၂၂ ရက်က တွေ့ဆုံပြီး တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-လာအို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတို့ တွေ့ဆုံဆွးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ) ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၉ – ၂၀ ပညာသင်နှစ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းပွဲကို ယနေ့ ညနေပိုင်းတွင် ၎င်းဝန်ကြီးဌာန ရုံးအမှတ် (၁၃)၌ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဦးဆောင် ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးအရေးယူမှု (၅၁၂)ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ . ၁၁၃...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ အောင်သာယာကျေးရွာ ပါ ရပ်ကွက်/ကျေးရွာ ၉ ခု၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၁၃၇ လုံး၊ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဆိုင်ကယ်ရပ်နားရန်နေရာ ၁ ခု အမိုးလန်၊ မီးဖိုဆောင်...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) ချင်းပြည်နယ် တီးတိန် မြို့နယ် အတွင်း မော်တော်ယာဉ် တစ်စီးသည် မေ ၂၀ ရက်က ချောက်အတွင်းသို့ထိုးကျ တိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ လေးဦးမှာ သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။