Connect with us

Education & Health

အသည်းရောင် အသားဝါ ရောဂါများ ဖြစ်ပွားမှု လျော့နည်းကျဆင်း စေရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် အလေးပေး ဆောင်ရွက်ရမည်ဟု ကျန်းမာရေး ဝန်ကြီးပြော

၂၀၁၉ ခုနှစ် ကမ္ဘာ့ အသည်းရောင် အသားဝါ ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အသည်းရောင်အသားဝါ ရောဂါများ ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းစေရေး အတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အလေးပေး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့အသည်းရောင် အသားဝါ ရောဂါတိုက်ဖျက်ရေးနေ့ (World Hepatitis Day) အထိမ်းအမှတ် အခမ်းအနားအား ဇူလိုင် ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် မြန်မာ အသည်း ဖောင်ဒေးရှင်း တို့ဦးစီးကောက်ယူခဲ့သော စစ်တမ်းတွေ့ရှိချက်များအရ အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါဖြစ်ပွားမှုမှာ မြင့်တက်လျက် ရှိပြီး လူဦးရေ၏ ၆.၅ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ (ဘီ) ရောဂါ နှင့် လူဦးရေ၏ ၂.၇ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ (စီ) ရောဂါ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် အသည်းရောင် အသားဝါရောဂါနှင့် သက်ဆိုင်သည့် ကျန်းမာရေးအသိပညာမြှင့်တင်မှု ဟောပြောပွဲများ အလေးပေး ဆောင်ရွက် သွားကြ ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များတွင် ပါဝင်သော အသည်းရောင်အသားဝါရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးစံပြု အချက်အလက်များကို အသုံးချ၍ ကျေးလက်တောရွာဒေသများတွင် ပြည်သူများအတွက် ကျန်းမာရေး စကားဝိုင်းငယ်များ ပိုမို ပြုလုပ်သွားကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ပြောကြားခဲ့သည်။

အမျိုးသားအသည်းရောင် အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်အား ဝန်ကြီးဌာနတွင် ဖွဲ့စည်း တည်ထောင် ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီး ၇ ရုံ၌ လည်းကောင်း ၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနား နှင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးများ၌ လည်းကောင်း အသည်းရောင်အသားဝါ (စီ) ကုသမှုဌာန များဖွင့်လှစ်၍ အသည်းရောင် အသားဝါ (စီ) ရောဂါလူနာများကို အခမဲ့ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်လည်း အသည်းရောင်အသားဝါ (စီ) ကုသမှု ဌာနများ ထပ်မံဖွင့်လှစ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အသည်းရောင်အသားဝါ ရောဂါဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားသည့် အသည်းရောင် အသားဝါရောဂါများနှင့် ပတ်သက်၍ ပြည်သူများ ပိုမို သိရှိ ဂရုပြုမှု ရှိလာစေရန် ရည်သန်၍ ကျင်းပသည့် “ကမ္ဘာ့အသည်းရောင် အသားဝါ ရောဂါ တိုက်ဖျက် ရေးနေ့” ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ၂၀၁၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.