Connect with us

Education & Health

ရာသီ တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၇၈ ဦးထိ ရှိလာ

H1N1 ရောဂါ ကူးစက် မခံရအောင် mask တပ်ဆင် သွားလာနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ရှစ်ခုတွင် ဇူလိုင် ၂၇ ရက် အထိ ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ၇၈ ဦး ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ကာ ၆၀ ဦးထိ သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ၇၈ ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကချင် ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ရာသီ တုပ်ကွေး ရောဂါဖြင့် သေဆုံး/ဖြစ်ပွားသူများ အနက် လှိုင်သာယာ မြို့နယ် ၊ ဒဂုံမြို့သစ် (တောင်) တို့မှ အများဆုံး ဖြစ်ကြောင်း စာရင်းဇယားများ အရ သိရသည်။

ယခုနှစ် ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကို လေ့လာသုံးသပ်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဇွန်လ ဒုတိယ အပတ်မှ စ၍ ရောဂါ ဖြစ်ပွားမှု စတင် များပြား လာခဲ့ပြီး ဇူလိုင် လဆန်းမှ ဇူလိုင်လ ဒုတိယ အပတ် အတွင်း ဖြစ်ပွားမှု မြင့်မားခဲ့သော်လည်း ယခုလက်ရှိ အချိန်တွင် ဖြစ်ပွားမှု နည်းပါးလာကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားသူများကို လေ့လာသုံးသပ်ရာတွင် သာမန်အားဖြင့် သေဆုံးမှုနှုန်း မမြင့်မားသော်လည်း နာတာရှည် ရောဂါ အခံ ရှိသူများ ၊ အသက်အရွယ် ကြီးလွန်းသူ နှင့် ငယ်လွန်းသူ ကလေးငယ်များတွင် ရောဂါ ပြင်းထန်ပြီး သေဆုံးမှု မြင့်မားကြောင်း ၊ ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု နှင့် ပတ်သက်၍ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း ကြိုတင် ကာကွယ်ခြင်း နှင့် တုံ့ပြန် ဆောင်ရွက်ခြင်း လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117