Connect with us

Politics, Law & Military

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ငွေကျပ် ၅၄၅၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇူလိုင် ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ ယင်း နေအိမ်ရှိ ခရီးဆောင်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၅၀ သိန်း)၊ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ နေအိမ်အောက်ထပ်မှ မော်တော် ယာဉ် ၁ စီးနှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးတွင် နေအိမ်နောက်ခန်းမြေကျင်းအတွင်း သိုဝှက်ထားသော ဘိန်းစာမှုန့်အလေးချိန် ၇၇.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၇.၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်များတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံများအား မြိတ်မြို့မရဲစခန်းနှင့် ကံမော်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.