ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ်ရှိ အငူမော်-မောင်တောသွားကားလမ်းပေါ်၌ ယာဉ်တစ်စီးပေါ်မှ ကျပ် ၃၄,၉၀၅ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) သက်သေခံ ကတ်ပြား တစ်ခုခုဖြင့် အများဆုံး SIM Card နှစ်ခုသာ ဝယ်ယူစေရေး ဧပြီ ၁ ရက်မှ စတင်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး...
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသော ဒေသခံများကို ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့၌ မတ် ၂၁ ရက်က ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ဦးသေ၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ ညောင်ကျေးရွာ၌ မတ် ၂၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ ၈၀ လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ မတ်လ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) ဌာနတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သော NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရအဖွဲ့တို့တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိခဲ့သည့် သဘောထား စုစည်းမှု...
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တွင် မော်တော်ယာဉ်တိမ်းမှောက်၍ ကလေး ၁ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့ ၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၂/၁) နှင့် (၄၂/၂)ကြားတွင် ယနေ့ နေ့လည် ၃နာရီ ၅၅မိနစ်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ် ၁၈ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။