Connect with us

Education & Health

ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေစဉ်တိုး၊ သေဆုံးသူ ၄၁ ဦးရှိ

H1N1 ပိုးကူးစက်မှုမရှိရန် maskတပ်ဆင်သုံးစွဲသူအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၁ရက်အထိ သေဆုံးသူ ၄၁ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၉ ရက်တွင် ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၃၄ ဦး၊ ဇူလိုင်လ ၁၀ရက်တွင် ၃၇ ဦးနှင့် ဇူလိုင် ၁၁ ရက်တွင် ၄၁ ဦးထိ နေ့စဉ် သေဆုံးမှုနှုန်း မြင့်လာကြောင်း၊ အဆိုပါ ရောဂါပိုးကြောင့် သေဆုံးသူအများဆုံးသည် ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး လက်ရှိ ယင်းတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၁၂၄ ဦးရှိပြီး သေဆုံးသူ ၃၃ ဦးထိရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၁ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၂၀၇ဦး ရှိရာ သေဆုံးသူ ၄၁ ဦးထိ ရှိလာပြီး

ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၅၅၅ဦး ရှိကြောင်း သိရသည်။

သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၃ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၃ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦးနှင့် မွန်ပြည်နယ်တွင် ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ငါးခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.