Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး၌ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူအများဆုံးဖြစ်

H1N1 ပိုးကူးစက်မှုမရှိရန် maskတပ်ဆင်သုံးစွဲသူအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၌ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူအများဆုံးဖြစ်လာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ရက်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၁၃၄ ဦးရှိပြီး သေဆုံးသူ ၃၅ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၂ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၂၂၅ဦး ရှိရာ သေဆုံးသူ ၄၃ ဦးထိ ရှိလာပြီး ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၅၈၅ဦး ရှိကြောင်း သိရသည်။သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၅ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၃ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦးနှင့် မွန်ပြည်နယ်တွင် ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ငါးခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.