ရန်ကုန်၊ ၂၁ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည်မေလ(၂၁-၂၃)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ သို့လည်းကောင်း၊မေလ(၂၄-၂၈)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊မေလ (၂၉)ရက်နေ့မှဇွန်လ(၃)ရက်နေ့အတွင်းမြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်းဝင်ရောက်နိုင် ကြောင်း ၂၀၁၉ ခုနှစ် မေလ တတိယ ၁၀ရက် ပတ်အတွက် ခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေ ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့် ဧရာဝတီမြစ်ကြီး ရေရှည် တည်တံ့စေရန်အတွက် ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးတွင် ယနေ့ နံနက်ပိုင်း၌ မိုင်းရှာဖွေရှင်းလင်းရေး သင်တန်း၌ မိုင်းအတုနှင့် အစစ်မှားယွင်းအသုံးပြုမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ မေလ ၁၉ ရက် ည ၆ နာရီအချိန်က လေပြင်းတိုက်ခတ် မှုကြောင့် လျှပ်စစ်မီးတိုင်များ၊ နေအိမ် ၃၇ လုံး၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ အမိုးလန် ပျက်စီးပြိုလဲခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၂၀ ရက်(ဆင်ဟွာ) အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို လာမည့် နှစ်များအတွင်း ပိုမို တိုးတက်အောင် လုပ်ဆောင်သွားရန် လွှတ်တော် ကိုယ်စားလှယ် အများစု၏ အကြံပြုချက်ကို ကော်မရှင်က လေးစားစွာ လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က ယနေ့...
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်ရှိ မုန်းချောင်းနှင့် အုံကြီး၀ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင်တမံများအတွင်း သိုလှောင်ရေ လက်ကျန် နည်းပါးလာသည့်အတွက် လက်ရှိကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု မဂ္ဂါဝပ်လျော့ကျလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) အပူချိန်ပြင်းထန်လွန်ကဲမှုကြောင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားပူးပေါင်းဆောင်ရွက် ရန် အသိပေးနှိုးဆော်ချက် ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အမ်းမြို့နယ်၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ၌ ယနေ့ မေ ၂၀ ရက် မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၀)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် အင်အား ၄.၁အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၁၉ ရက်(ဆင်ဟွာ) ၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲအား အိမ်ရှင် အဖြစ် မြန်မာနိုင်ငံ လက်ခံ ကျင်းပ ခဲ့ရာတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်ဆု ၉ ဆုဖြင့် အများဆုံး ဆွတ်ခူး...