Connect with us

Politics, Law & Military

မူကြို ကလေးကိစ္စ အမှုမှန်ပေါ်ရေး သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ တို့က ညွှန်ကြားထားပြီး ဖြစ်ဟုဆို

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှ ကလေးငယ် အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် မျက်ကွယ်ပြုထားခြင်း၊ လျစ်လျူရှုထားခြင်းများ မရှိဘဲ အမှုမှန်ပေါ်ပေါက်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို အားလုံး ညွှန်ကြားထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး ပြောကြားခဲ့သည်။

သမ္မတ အိမ်တော် News Briefing အဆောင်တွင် ယနေ့ ညနေ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲ၌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ ်ဒေါ်ရူပါမြတို့ကလည်း ပါဝင် ဖြေကြားခဲ့ကြရာ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှ ကျောင်းသူအမှုတွင် သံသယတရားခံအဖြစ် ရဲတပ်ဖွဲ့က တရား စွဲဆိုထားသူယာဉ်မောင်းနှင့် ပတ်သက်သည့် ခိုင်မာသောသက်သေအထောက်အထားများရှိပြီး မှားယွင်းမှု မရှိစေ ရန်နှင့် တစ်ဖက်သားမနစ်နာစေရန်ရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ သည်။

ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ ရှင်းလင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

“ကလေးမလေးရဲ့ မိန်းမကိုယ်ထဲမှာတွေ့တဲ့ ဆေးစာပြန်ကြားချက်၊ သံသယတရားခံရဲ့ အတွင်းခံ ဘောင်းဘီမှာ ပြန်ကြားချက်၊ နောက်တစ်ခါ သံသယတရားခံသည် သူကိုယ်တိုင် ဒီကိုရောက်တယ် ဆိုတဲ့ သက်မဲ့သက် သေဖြစ်တဲ့ CCTV ရဲ့တွေ့ရှိချက်၊ နောက် ကလေးသက်သေဖြစ်တဲ့ ကာယကံရှင် ကိုယ်တိုင်က သူ့ ကို ပြုကျင့်တာ ဒီလူပါလို့ပြောထားတဲ့ ဗီဒီယိုဖိုင် ကျွန်တော်တို့ဆီမှာရှိတယ်။ အဲ့ဒါ လည်းကျွန်တော်တု့ိ တရားရုံးမှာ တင်ထားတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေကို အမှားအယွင်းမရှိ အောင် ဆောင်ရွက်တယ်။ တစ်ဖက်သားလူလည်း မနစ်နာအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ဒုတိယ ရဲချုပ်က ပြောသည်။

လူ ကယ် ပြန် ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ ဖြေကြားနေစဉ် (ဆင်ဟွာ)

သံသယတရားခံအဖြစ်တရားစွဲဆိုထားသည့် မော်တော်ယာဉ်မောင်း အောင်မျိုးကျော် (ခ) အောင်ကြီး အား ပထမအကြိမ် ဖမ်းဆီးခဲ့သော်လည်း ထိုစဉ်က ခိုင်မာသော သက်သေ အထောက် အထား မရှိသေးသဖြင့် ပြန်လည်လွှတ် ပေးလိုက်ရခြင်းဖြစ်ပြီး ယခုအခါ ခိုင်မာသည့် သက်သေများ ရရှိထားပြီဖြစ်ကြောင်းပြောသည်။အောင်မျိုးကျော်အား ပထမအကြိမ် ဖမ်းဆီးစဉ် ကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က သက်သေအဖြစ် အခင်းဖြစ်ပွားသည့်နေက ၎င်း ဝတ်ဆင်ထား သည့် အတွင်းခံဘောင်းဘီကိုသက်သေအဖြစ်သိမ်းဆည်းထား ကြောင်း၊ အဆိုပါ ဘောင်းဘီတွင် လည်း သုတ်ပိုးတွေ့ရှိထားကြောင်းနှင့် ယခုအမှုကို စစ်ဆေးရာတွင် ကြန့်ကြာ မှု ရှိနေခြင်းမှာ ကာယကံရှင် ကလေးငယ်၏ ကျန်းမာရေးအရ ရဲတပ်ဖွဲ့နှင့် တွေ့ခွင့်မရရှိ၍ စောင့်ဆိုင်း နေရသောကြောင့်ဖြစ် ကြောင်း မီဒီယာသို့ ရှင်းပြခဲ့သည်။

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး က “Wisdom Hill မူကြိုကျောင်းကို ကျနော်တို့ ခွင့်ပြုချက်ပေးတော့မှာ မဟုတ်ပါဘူး။ဒါ့အပြင် Wisdom Hill မှာ မူကြိုကျောင်းအပြင် ထက်၊လယ်၊ မူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းရှိတယ်။ အဲ့ဒါကိုလည်းဒီနေ့ပဲ သမ္မတ ကနေ ပညာရေးဝန်ကြီးကို ညွှန်ကြားထားတယ်။ ပြန်စစ်ပါ။ ပြန်စစ်လို့ စည်းမျဉ်း၊ စည်းကမ်းနဲ့ မညီတာတွေ လုပ်ရင် ကျနော်တို့ အရေးယူမယ်။ ထိထိရောက်ရောက် အရေးယူမယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားခြင်းကို မသိကျိုးကျွန်ပြုခဲ့သည့် လူမှုဝန်ထမ်း အရာရှိများအား ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော Wisdom Hill ၏ အလယ်တန်း၊ အထက်တန်း ကျောင်းသည် ပညာရေးဥပဒေနှင့်အညီ ဖွင့်လှစ်ထားခြင်း မဟုတ်ခဲ့လျှင် အရေးယူမည်ဖြစ်ကြောင်း၊ ယခုလိုမျိုးဖြစ်စဉ်၌ ကျောင်းမှာ တာဝန်ရှိပြီး ဒီတာဝန်ရှိ သည့် အပေါ် ပျက်ကွက်သော တည်ထောင်သူများအားလည်း Black list လုပ်သင့်က လုပ်သွားမည်ဖြစ်ကြောင်း လည်း ဦးဇော်ဌေးက ပြောခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့၌ စတင် ဖြစ်ပွားခဲ့သည့် အဆိုပါ မူကြို ကလေး မုဒိန်းအမှုကို မေလ ၁၇ ရက်နေ့တွင် ရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး တစ်လခွဲကျော် အကြာတွင် သံသယ ရှိသူအား သက်သေ အထောက်အထားများဖြင့် တရားရုံးသို့ ပို့ခဲ့ကြောင်း၊ လာမည့် ဇူလိုင် ၁၅ ရက်နေ့တွင် အမှုအား တရားလိုပြ သက်သေ ၂၆ ဦးတို့ဖြင့် စတင် စစ်ဆေး ကြားနာသွားမည် ဖြစ်ကြောင်း သိရ သည်။ (Xinhua)