Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး တွင် ကားနံပတ်ပြားများကို တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွကားနံပါတ်ပြားများအစား တစ်ခြားနံပတ်ပြား တပ်ဆင်ပါက တရားမဝင်

ရန်ကုန်မြို့တွင် သွားလာနေကြသည့် မော်တော်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် ကားနံပတ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွကားနံပါတ်ပြားများအား သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစား အပြားများပေါ်တွင် တပ်ဆပ် အသုံးပြုထားခြင်းမှာ တရားမဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ မရမ်းကုန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အချို့မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပေးသည့် ဖောင်းကြွကား နံပါတ်များအား သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစား အပြားများပေါ်တွင် တပ်ဆပ် အသုံးပြုထားခြင်းမှာ တရားဝင်ပါသလား၊ တရားဝင်သည်ဆိုပါက ယင်းသို့ အသုံးပြုရန် မည်သို့လျှောက်ထား ရပါသလဲနှင့် တရားမဝင်ဟု ဆိုပါက အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွကားနံပါတ်ပြားများအား သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစားအပြားများပေါ်တွင် တပ်ဆပ် အသုံးပြုထားခြင်းမှာ တရားမဝင်ပါဘူး။ မော်တော်ယာဉ်ဥပဒေ ပုဒ်မ(၅၃)တွင် မော်တော်ယာဉ် နံပါတ်ပြားကို မထင်ရှားအောင်ပြုလုပ်ခြင်း၊ မော်တော်ယာဉ် နံပါတ်ပြားကို ထင်ယောင်ထင်မှား ဖြစ်ရန် ပြုလုပ်ခြင်းနှင့် အမှန်အကန်သော မော်တော်ယာဉ် နံပါတ်ပြားကို မော်တော်ယာဉ်တွင် တပ်ဆင်အသုံးပြုခြင်းတို့ကို မည်သူမျှ မပြုလုပ်ရဟု ပြဌာန်းထားပါတယ်။” ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ပြောသည်။

မော်တော်ယာဉ်ဥပဒေ ပုဒ်မ(၆၁)၊ မည်သူမဆို ပုဒ်မ(၅၃)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုသုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်ဥပဒေအရ အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ (၁၄.၅.၂၀၁၉) မှ (၁၆.၆.၂၀၁၉) ရက်အထိ စုစုပေါင်း မော်တော်ယာဉ် (၁၂၇)စီးနှင့် မော်တော်ဆိုင်ကယ်(၁၈)စီး အရေးယူပြီးကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြား သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.