Connect with us

Environment, Disasters & Accidents

မြန်မာ့ပင်လယ်ပြင် ကိုကိုးကျွန်း အနီး အင်အားရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

ငလျင် လှုပ်ခတ်ခဲ့မှု သတင်းအချက်အလက်အား တွေ့ ရစဉ်(ဓာတ်ပုံ - မိုး/ဇလ)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင်၊ ကိုကိုးကျွန်း၏ အရှေ့မြောက်ဘက် (၈၂)မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင် တစ်ခုသည် ယနေ့နေ့လည်ပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ မြေငလျင်သည် မြန်မာ့ ပင်လယ်ပြင် အတွင်း လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ပြီး အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သဖြင့် ဇောက်တိမ် ငလျင် အမျိုးအစား ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သိရသည်။မြန်မာစံတော်ချိန် ၁၃ နာရီ ၊ ၂၄ မိနစ် ၊ ၀၃ စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ( မြန်မာ့ပင်လယ်ပြင်၊ ကိုကိုးကျွန်း၏ အရှေ့မြောက်ဘက် (၈၂)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၄.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၇) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117