Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး တွင် သစ်တောဧက (၂ဝဝဝ)ကို သဘာဝတော တန်ဘိုးမြင့် စိုက်ခင်းများအဖြစ် ပြန်လည်ဖော်ဆောင် စိုက်ပျိုးမည်

သစ်တောတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သစ်တောဧရိယာအတွင်းမှ ဧက (၂ဝဝဝ)ကို သဘာဝတော တန်ဘိုးမြင့် စိုက်ခင်းများအဖြစ် ပြန်လည်ဖော်ဆောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝတော တန်ဘိုးမြင့်စိုက်ပျိုးခြင်းအနေဖြင့် ရွှေဘိုခရိုင်အတွင်းရှိ ကျွန်လှမြို့နယ် မိုင်းဝန်းကြိုးဝိုင်းအတွင်း ဧက (၃ဝဝ)အားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း ပုလဲမြို့နယ် မြောက်ယမား ကြိုးဝိုင်းအတွင်း ဧက(၁၅ဝ)နှင့်ကနီမြို့နယ် ပင်ထောင်ကြိုးဝိုင်းအတွင်း ဧက(၁၅ဝ)အား လည်းကောင်း၊ ကသာခရိုင်အတွင်း ကသာမြို့နယ် ကျောက်တောင်ကြိုးဝိုင်းအတွင်း ဧက(၁ဝဝ)၊ ကောလင်း မြို့နယ် ပြင်တဲကြိုးဝိုင်းအတွင်း ဧက(၅ဝ)၊ ထီးချိုင်မြို့နယ် ကလုံကြိုးဝိုင်းအတွင်း ဧက(၁ဝဝ)၊ ပင်လည်ဘူး မြို့နယ် ခွေးသေကြိုးပြင် ကာကွယ်တောအတွင်း ဧက(၅ဝ)၊ ဗန်းမောက်မြို့နယ် ဗန်းမောက်ကြိုးပြင်ကာကွယ် တောအတွင်း ဧက(၂ဝဝ)၊ ဝန်းသိုမြို့နယ် နန်းခမ်းကြိုးဝိုင်းအတွင်း ဧက(၁ဝဝ)နှင့် အင်းတော်မြို့နယ် နန့်ဖယ် ကြိုးဝိုင်းအတွင်း ဧက(၁ဝဝ)အား လည်းကောင်း၊ ကလေးခရိုင်အတွင်း ကလေးမြို့နယ် ဘုန်းတိုးချဲ့(၁) ကြိုးဝိုင်း အတွင်း ဧက(၁ဝဝ)၊ ကလေးဝမြို့နယ် ရွှေကျင်ကြိုးဝိုင်းအတွင်း ဧက(၁ဝဝ)နှင့် မင်းကင်းမြို့နယ် ရုံတောင် ကြိုးပြင် တောအတွင်း ဧက(၁ဝဝ)အား လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း မော်လိုက်မြို့နယ် မော်ကူး ကြိုးဝိုင်းအတွင်း ဧက(၁ဝဝ)နှင့် ဖောင်းပြင်မြို့နယ် နန်းဘုန်းကြိုးဝိုင်း အတွင်း ဧက(၁ဝဝ) အားလည်းကောင်း၊ ခန်္တီးခရိုင်အတွင်း ဟုမ္မလင်းမြို့နယ် သဝန်ကြိုးဝိုင်း အတွင်း ဧက(၁ဝဝ)အား လည်းကောင်း၊ တမူးခရိုင်အတွင်း တမူးမြို့နယ် အတွင်းရိုးမကြိုးပြင် ကာကွယ်တော အတွင်း ဧက(၁ဝဝ)အားလည်းကောင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ပြန်လည်စိုက်ပျိုးပေး သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.