Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ တွင် အင်အား ၄.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ တွင် ယနေ့ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၃၂)မိနစ်၊ (၁၅)စက္ကန့် အချိန်၌ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ မြောက်လတ္တီတွဒ် (၂၂.၁၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၉) ဒီဂရီ၊ အနက် (၁၀၆)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)