ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ကို မတ်လ ၁ရက်နေ့အထိ လိုင်စင်စုစုပေါင်း (၁၇၆) ခု ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကစ္ဆပနဒီ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက် စဉ် ဘူးသီးတောင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၄၀ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)တွင် မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် အားလုံး အခွန်ကင်းလွတ်ခွင့် တစ်ပြေးညီ ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) မတ်လ ၆ ရက် တွင် စတင်ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ သိရသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မတ်လ ၆ ရက် တွင် စတင်ဖြေဆိုကြရာ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင် ဖြေဆိုသူပေါင်း ၈၅၁,၅၇၀ ရှိ ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်(၂၃၇၉)စီး ဖမ်းဆီးအရေးယူခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ လူငယ် ၆ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၆ ရက်(ဆင်ဟွာ) ရေကဏ္ဍ ဘက်စုံ စီမံခန့်ခွဲမှု အောင်မြင်ရေးအတွက် ဘက်စုံ အလွှာစုံက တက်ကြွစွာ ပါဝင် လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူကုန်ကူးမှုပေါင်း ၁၈ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ကလေး- ရန်ကုန် ပြေးဆွဲနေသော High Class ခရီးသည်တင်ယာဉ် သည် ယနေ့ (မတ်လ၅ ရက်) နံနက်၆ နာရီအချိန်ခန့်က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ်တွင် တိမ်းမှောက်မှု၌ သေဆုံးသူ ၁၁ ဦးထိ ရှိလာပြီဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက...