Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ သုံးဘီး ဆိုင်ကယ် နှင့် ဆိုင်ကယ် တိုက်မိကာ ၃ ဦးသေဆုံး

ဆိုင်ကယ် တိုက်မိမှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆိုင်ကယ် နှင့် သုံးဘီး ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

တမူး-ကလေးကားလမ်း၌ ဇူလိုင် ၁ ရက် ညပိုင်းတွင် တမူးမှ ကလေးသို့ မောင်းနှင်လာသည့် ဆိုင်ကယ် နှင့် ကလေးမှ တမူးသို့ မောင်းနှင်လာသည့် သုံးဘီး ဆိုင်ကယ်တို့သည် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ဒဏ်ရာ ရရှိသူများ အနက် ၃ ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ကြောင်း နှင့် တမူး မြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.