Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်ရန် လွှတ်တော်အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းကျင်းပစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်က သဘော တူကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ကြေညာခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တင်ပြချက်ကို ၁.၇.၂ဝ၁၉ လွှတ်တော်အစည်းအဝေး သတ္တမနေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပုဂ္ဂိုလ်နှင့်စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက် နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်းပေးပို့လာခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း လွှတ်တော်မှ ကြေညာခဲ့သည်။ (Xinhua)