ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်လာသော Biman Bangladesh Airlineမှ လေယာဉ်တစ်စီးသည် ယနေ့ ည ၆နာရီ ၅၂ မိနစ်တွင်လေယာဉ်ပြေးလမ်း ချော် မှုဖြစ်ပွားခဲ့ရာ လေယာဉ်ဝန်ထမ်းများအပါအဝင် ၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Biman Bangladesh Airlines မှလေယာဉ်တစ်စင်း ယနေ့ ည ၆နာရီ ၄၅မိနစ်တွင် ပြေးလမ်းချော်ကာ လေယာဉ်ပျက်စီးမှုဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လေဆိပ်မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို အတည်ပြုပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၊ (၅)ရပ်ကွက်ရှိ ဖုန်းအရောင်းဆိုင်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နိုင်မည့်နည်းလမ်းများ ဆွေးနွေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ ကျော်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် တွင် ကျောက်စိမ်းအရိုင်းတုံး ၁၉၃ တုံး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရှိ မြို့နယ်တစ်ချို့ နှင့် ကျေးရွာတစ်ချို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၇ ရက်(ဆင်ဟွာ) ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ သတင်းအချက်အလက်များကို အများပြည်သူ သိရှိစေရေးအတွက် တတ်နိုင်သမျှ ပေးကြရန်၊ ဖြစ်နိုင်လျှင် မိမိတို့၏ website တွင် ဘာသာရပ် အမျိုးမျိုးဖြင့် အသိပေး ခြင်းများ အတတ်နိုင်ဆုံး ဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး...