Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီးတွင် H1N1ရောဂါပိုးကြောင့် သေဆုံးသူ ၃ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါပိုးရှိသူလူနာ ၈ဦးရှိဟုဆို


ရန်ကုန် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် H1N1ရောဂါပိုးကြောင့် သေဆုံးသူ ၃ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါပိုးရှိသူလူနာ ၈ဦးရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အဖွဲ့ဝင်) ဒေါက်တာ သာထွန်းကျော်က ဆင်ဟွာသို့ ပြောကြားသည်။

” ဆေးရုံမှာ ၃ဦးသေတယ်၊ သံသယရှိတဲ့လူနာတွေ ဓာတ်ခွဲ စစ်ဆေးတော့ ဇွန် ၁၄ ရက် ထိ ၈ဦးတွေ့ထားတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၈ဦးပေါ့”ဟု ၎င်းက ဆိုသည်။

ယနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် အမျိုးသားတစ်ဦး ကွယ်လွန်သွားခဲ့ကြောင်း ၊ မြောက်ဥက္ကလာပဆေးရုံနှင့် အင်းစိန်ဆေးရုံတို့တွင်လည်း ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ ရောဂါလက္ခဏာများသည် ဖျားခြင်း၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊ချမ်းတုန်ဖျားခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် လက္ခဏာများအပြင် အန်ခြင်း၊ ဝမ်းလျှောခြင်းစသော လက္ခဏာများလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။

ယနေ့ ရန်ကုန်ဆေးရုံကြီးတွင် H1N1ကြောင့် သေဆုံးသူလူနာအား ရေဝေးသို့ပို့ဆောင်ရန်ပြုလုပ်နေစဉ်(နာရေးကူညီမှုအသင်း)

ရောဂါဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြမည့်အချိန်သည် (Incubation period) ၁ ရက်မှ ၅ ရက်အတွင်း ဖြစ်ပြီး ရာသီအလိုက် ဖြစ်ပွားတတ်သော တုတ်ကွေးရောဂါ ကဲ့သို့ပင် ကူးစက်ပြန့်ပွားနိုင်ကြောင်း၊ အသက်ရှုလမ်းကြောင်းမှ ထွက်သော အရည်များ (droplets)များ- ရောဂါပိုးရှိသောသူမှ နှာချေ၊ ချောင်းဆိုးရာမှ လေထဲသို့ ပျံ့နှံ့ ကာ၊ တခြားသူသို့ လျင်မြန်စွာ ကူးစက်တတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.