Connect with us

Education & Health

H1N1ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးအနက် ၆ဦးသေဆုံးဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်


ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

H1N1ရောဂါပိုးဖြစ်ပွားမှုမြင့်တက်သည့် မိုးဦးကျ ဇွန်လအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးအနက် ၆ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဇွန် ၂၀ရက်အတွင်း လူနာ ၁၆ဦးတွင် H1N1ရောဂါပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၅ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁ဦး စုစုပေါင်း ၆ဦးရှိနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း H1N1ရောဂါပိုးကြောင့် သေဆုံးသူရှိသဖြင့် mask ဖြင့် သွားလာနေစဉ်(ဆင်ဟွာ)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲသည် ရာသီတုပ်ကွေးပုံမှန်စောင့်ကြည့်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ရက်မှ မေလကုန်ထိ တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၇၀ အနက် ၁၀ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ပြီး လူ ၄ဦးတွင် H1N1ပိုးတွေ့ရှိခဲ့ရာ သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း H1N1ရောဂါပိုးကြောင့် သေဆုံးသူရှိသဖြင့် mask ဖြင့် သွားလာနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁၁၆၅ဦးအနက် ၄၅၈ ဦး တုပ်ကွေးပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀၆ဦးတွင် H1N1 ပိုးတွေ့ရှိရာ သေဆုံးသူ ၃၈ဦးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ဦး တုပ်ကွေးပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ဦးသည် H1N1 ပိုးတွေ့ရှိရာ သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါလက္ခဏာများသည် ဖျားခြင်း၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊ချမ်းတုန်ဖျားခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် လက္ခဏာများအပြင် အန်ခြင်း၊ ဝမ်းလျှောခြင်းစသော လက္ခဏာများလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။ရောဂါဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြမည့်အချိန်သည် (Incubation period) ၁ ရက်မှ ၅ ရက်အတွင်း ဖြစ်ပြီး ရာသီအလိုက် ဖြစ်ပွားတတ်သော တုတ်ရောဂါ ကဲ့သို့ပင် ကူးစက်ပျံ့ပွားနိုင်ကြောင်း၊ အသက်ရှုလမ်းကြောင်းမှ ထွက်သော အရည်များ (droplets)များ- ရောဂါပိုးရှိသောသူမှ နှာချေ၊ ချောင်းဆိုးရာမှ လေထဲသို့ ပျံ့နှံ့ ကာ၊ တခြားသူသို့ လျင်မြန်စွာ ကူးစက်တတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.