ရန်ကုန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) နိုင်ငံတကာငွေပေးချေမှုကွန်ရက် UnionPay၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး မီဒီယာတွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ခြောက်ဘီး ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် လမ်းဘေး ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ကာ ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့ နယ်တွင် ငွေကျပ် သိန်း၆၆၀တန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ်သိန်း၈၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၉၁၃ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင် ရွက်လျက်ရှိရာ ပြည်တွင်းအဖွဲ့များနှင့်သာမက နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဇီးကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုး ပါတီဝင် ဦးဉာဏ်ထွန်း (ယခင် အငြိမ်းစား ဒုတိယ သမ္မတ) က တင်သွင်းသည့် “OIC, EU, UNHCR တို့၏ ဆုံးဖြတ်ချက်အား မြန်မာ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က အမေရိကန် ဒေါ်လာ ၁၈၂သန်းကျော် တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၇) ခုအား ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) အစည်းအဝေးထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀,၀၀၀ ပြား နှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ထော်ပိုင်ကျေးရွာအုပ်စုရှိ လယ်ဧက ၂၂၆၀၀ ကျော်ထဲ သို့ ရေငန် မဝင်ရောက်စေရေးအတွက် ရေငန်တားတမံ တည်ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) မြန်မာမီဒီယာနယ်ပယ်ရှိ စာနယ်ဇင်းသမားများ တိုးတက် ပြောင်းလဲလာသည့် ICT နည်းပညာများနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ရည်ရွယ်ကာ Huawei မှ နည်းပညာဆွေးနွေးပွဲများကို ယခုလတွင် စတင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။