Connect with us

Social

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၈ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ၁.၁၅သန်းခန့် ဝင်ရောက်

ကမ္ဘာလှည့်ခရီးသည်များ ရွှေတိဂုံစေတီတော်သို့ လာရောက်လည်ပတ်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၈ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ၁.၁၅သန်းခန့် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ လေဆိပ်သို့ ကမ္ဘာလှည့်ခရီးသည် ၁,၁၄၉,၃၇၇ ဦးလာရောက်ခဲ့ပြီး သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ကမ္ဘာလှည့်အပျော်စီး သင်္ဘော(၁၇)စီး ဆိုက်ကပ်ခဲ့ကာ ကမ္ဘာ့လှည့်ခရီးသည် ၈၄၂၈ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကမ္ဘာလှည့်ခရီးသည်များအတွက် သတင်းနှင့် ပြန်ကြားရေး ကောင်တာများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်ဘူတာကြီးနှင့် မဟာဗန္ဓုလပန်းခြံလမ်းတို့တွင် ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းလိုင်စင်(၄)မျိုး ထုတ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်းတွင် ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်(၁၁)ခု၊ သက်တမ်းတိုး လိုင်စင်(၁၉၄)ခု၊ ဟိုတယ်တည်ဆောက်ခွင့်(၁၁)လုံး၊ ခရီးလှည့်လည်ရေး လိုင်စင်အသစ်(၂၉၉)ခု၊ သက်တမ်းတိုးလိုင်စင်( ၇၇၁)ခု ၊ ဧည့်လမ်းညွှန်လိုင်စင်သစ်(၁၄၅)ခု၊ သက်တမ်းတိုး လိုင်စင်(၉၇၂)ခု၊ ခရီးသည်ပို့ဆောင်ရေး လိုင်စင်သစ်(၁၆၂)ခု၊သက်တမ်းတိုးလိုင်စင်(၁၀၉)ခုတို့ကို စိစစ် ထုတ်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.