Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ အနောက်မြောက်ဘက်(၁၁)မိုင်ခန့်အကွာတွင်အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ အနောက်မြောက်ဘက်(၁၁)မိုင်ခန့်အကွာ ၌ ယနေ့ ည ၇နာရီ ၅၇ မိနစ် တွင်အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ငလျင်ဌာန ခွဲက တာဝန်ရှိသူတစ်ဦးက “ငလျင်က အင်အားအသင့်အတင့်ရှိတယ်။ပျက်စီးဆုံးရှုံးတယ် ဆိုတာ အခုထိမကြားမိပါဘူး။ ဟုမ္မလင်းဘက်ကို ဆက်သွယ်ကြည့်တော့ ခံစားမိသူတောင် မရှိဘူးလို့ ကြားပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

အဆိုပါငလျင်သည် ဟုမ္မလင်းမြို့၏အနောက်မြောက်ဘက် ၁၁ မိုင်အကွာ မြောက်လတ္တီတွဒ် (၂၅.၀၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၃) ဒီဂရီ၊ အနက် (၅၉)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117